လိုက်ပ်ဇစ် နှင့် ရှော်လ်ကေး (စနေည ၈းဝ၀ နာရီ)
၀ါဒါဘရီမင်နဲ့ပွဲမှာ တိုက်စစ်ပိုင်းက ဗာနာ ဂိုးပေါက်ပျောက်ပြီး ပေါလ်ဆင်ကလည်း ဇနီးဖြစ်သူမီးဖွားလို့ ခွင့်ပေးထားရပေမယ့် လိုက်ပ်ဇစ်အသင်းက အရှိန်မပျက်ခဲ့ဘဲ ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ အခုပွဲမှာ ပေါလ်ဆင် ပြန်ကစားဖို့ရှိပြီး လိုင်မာ ပွဲပယ်ခံထားရတဲ့ ကွင်းလယ်မှာလည်း အရန်သင့်အစားထိုးနိုင်တဲ့အင်အား ရှိပါတယ်။ ရှော်လ်ကေးကတော့ လိုက်ပ်ဇစ်ကွင်း ဘွန်ဒစ်လီဂါ(၃)ပွဲတွေ့ဆုံမှုမှာ တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ ရှော်လ်ကေးအသင်းက ဟာရစ်၊ ဆယ်ဒါးတို့ ဂိုးမြူးနေပြီး နောက်ဆုံး(၃)ပွဲဆက် အနိုင်ကစားထားလို့ ယုံကြည်မှုမြင့်တက်နေနိုင်တယ်။ ဂိုးပြတ်မရှုံးအောင် ခံကစားနိုင်ဖို့များတဲ့ ရှော်လ်ကေးဘက်ကပဲ ရပ်တည်ချင်တယ်။
ဟော်ဖန်ဟင်မ် နှင့် မိုချန်ဂလာဘတ် (စနေည ၈းဝ၀ နာရီ)
ဒီရာသီမှာ မိုချန်ဂလာဘတ် အဝေးကွင်းနိုင်ပွဲဆက်နေတာ အံ့အားသင့်စရာကောင်းတာတော့အမှန်ပါ။ ဒါပေမဲ့ အခုပွဲတော့ ဟော်ဖန်ဟင်မ် အနိမ့်ဆုံးသရေကစားမယ်။
မိန့်ဇ် နှင့် ဝုလ်ဖ်ဘတ် (စနေည ၈းဝ၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ရှုံးပွဲမရှိသေးပေမယ့် (၃)ပွဲဆက်သရေကျထားရာမှာ (၃)ပွဲစလုံး နောက်ကလိုက်ကစားခဲ့ရတာပါ။ အဝေးကွင်းမှာ ဝုလ်ဖ်ဘတ် အနိုင်ရဖို့မရှိပါဘူး။
အော့စ်ဘတ် နှင့် လေဗာကူဆင် (စနေည ၈းဝ၀ နာရီ)
အော့စ်ဘတ်ကွင်းမှာ လေဗာကူဆင်က အစဉ်အလာအရ အမြဲအသာရလေ့ရှိပါတယ်။ ဒါပေမဲ့ လေဗာကူဆင် ဂိုးပြတ်ဖို့ မရှိလို့ အော့စ်ဘတ်ကိုပဲ ရွေးသင့်တယ်။
ပါဒါဘွန်း နှင့် ဘိုင်ယန်မြူးနစ် (စနေည ၈းဝ၀ နာရီ)
ဘိုင်ယန်မြူးနစ်က အခုပွဲပြီးရင် စပါးနဲ့ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားဖို့ရှိတာက ပွဲအပေါ် ရိုက်ခတ်မှုရှိနိုင်တယ်။ ပါဒါဘွန်းနဲ့စွန့်စားတာ ပိုကောင်းမယ်။
ဒေါ့မွန် နှင့် ၀ါဒါဘရီမင် (စနေည ၁၁းဝ၀ နာရီ)
ဒေါ့မွန်က ကြားရက်မှာ ချန်ပီယံလိဂ်အဝေးကွင်းပွဲကစားဖို့ရှိပေမယ့် ဆလားဗီးယားပရပ်ဂ်နဲ့ဖြစ်နေလို့ ဘွန်ဒစ်လီဂါဘက်ကို ပိုအာရုံစိုက်နိုင်တယ်။ ၀ါဒါဘရီမင်ခြေစွမ်း အတက်အကျများလို့ ဒေါ့မွန်ကိုပဲ ပိုကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
