Top News

အိမ်ကွင်းတွေမှာ ပရီးမီးယားလိဂ်နိုင်ပွဲပြန်ရှာတွေ့ခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ စပါး
24htopnews | December 5, 2024 12:12 PM CST

ပရီးမီးယားလိဂ်ပွဲစဉ် (၇) စနေညရဲ့ ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ သူတို့ရဲ့အိမ်ကွင်းတွေမှာ နိုင်ပွဲကိုယ်စီယူပြီး နည်းပြလမ်းပတ်နဲ့ ပိုချက်တီနိုတို့အတွက် ကျေနပ်စရာ ဖြစ်စေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၇) စနေညရဲ့ ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ သူတို့ရဲ့အိမ်ကွင်းတွေမှာ နိုင်ပွဲကိုယ်စီယူပြီး နည်းပြလမ်းပတ်နဲ့ ပိုချက်တီနိုတို့အတွက် ကျေနပ်စရာ ဖြစ်စေခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘရိုက်တန်အသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့သလို၊ စပါးအသင်းကလည်း တစ်ယောက်လျော့အနေအထားနဲ့ မိနစ် (၆၀)နီးပါးကစားခဲ့ရပေမယ့် ဆောက်သမ်တန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းနိုင်ပွဲမရသေးလို့ ဖိအားများနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲစဉ်မှာတော့ နိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး မေဆန်မောင့်၊ အေဘရာဟမ်၊ တိုမိုရီတို့လိုလူငယ်တွေကို ဝီလီယံ၊ ပတ်ဒရို၊ ဂျော်ဂျင်ဟိုတို့နဲ့ ပေါင်းစပ်ပွဲထွက်ခဲ့ပါတယ်။

ပွဲစကတည်းကချယ်လ်ဆီးအသင်း ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို၊ ဘရိုက်တန်ခံစစ်နဲ့ ဂိုးသမားရိုင်ယန်တို့ကလည်း ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဝီလီယံ၊ ပတ်ဒရို၊ အေဘရာဟမ်တို့ရဲ့အားထုတ်မှုတွေကို ဂိုးတွေအဖြစ် မမြင်ခဲ့ရတာပါ။ ဘရိုက်တန်အသင်းကတော့ ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်နဲ့သာချယ်လ်ဆီးအသင်းကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်း ဂိုးတွေရဖို့အတွက် ပိုပြီးဖိအားပေးကစားခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်မိနစ် (၅၀)မှာတော့ ချယ်လ်ဆီးအသင်းအဖွင့်ဂိုးရသွားခဲ့ပြီး မေဆန်မောင့်ကြောင့် ရတဲ့ပယ်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။

ဂိုပေးလိုက်ရအပြီးမှာ ဘရိုက်တန်အသင်းချေပဂိုးရဖို့ကြိုးစားလာခဲ့ပြီး ချယ်လ်ဆီးအသင်းဘက်ကို ပြန်ဖိအားပေးနိုင်ခဲ့ကာ ပွဲရဲ့အရှိန်က ပိုမြင့်လာခဲ့ပါတယ်။ ဒါပေမဲ့ ပွဲရဲ့အလှည့်အပြောင်းလို့ဆိုရမှာက ပွဲချိန် (၇၆)မိနစ်မှာ ဝီလီယံက ချယ်လ်ဆီးအသင်းအတွက်

ဒုတိယဂိုးကိုသွင်းယူလိုက်တာပါပဲ။

(၂-၀)ဂိုးနဲ့ ဦးဆောင်ပြီးချိန်မှာတော့ ချယ်လ်ဆီးအသင်း ပွဲကိုလိုသလိုထိန်းချုပ်ကစားသွားခဲ့ပြီး ပွဲအပြီးမှာတော့ (၂-၀) ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။ ဒါဟာ ချယ်လ်ဆီးနည်းပြလမ်းပတ်အတွက်တော့ ပထမဆုံးပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲဖြစ်ခဲ့သလို၊ ဒီရာသီပြိုင်ပွဲစုံမှာ ပထမဆုံး

Clean Sheet ရတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။

 

 

နောက်ထပ်ပွဲစဉ်မှာတော့ စပါးအသင်းက ဆောက်သမ်တန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲဆက်နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ 

ဒီပွဲအပြီး ကြားရက်မှာ ချန်ပီယံလိဂ်ကစားဖို့ရှိနေပေမယ့် စပါးအသင်းဟာ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင်၊ အန်ဒွန်ဘီလီတို့နဲ့ လူစုံထုတ်ခဲ့ပြီး အိမ်ကွင်းနိုင်ပွဲရဖို့ကြိုးစားခဲ့တာပါ။

ဆောက်သမ်တန်အသင်းလည်း အဝေးကွင်းမှာ အမှတ်ရဖို့ အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး စပါးအသင်းကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။ 

နှစ်သင်းစလုံးအပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့တာကြောင့် ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် (၂၄)မိနစ်မှာတော့ စပါးအသင်း အဖွင့်ဂိုးရခဲ့ပါတယ်။

ဂိုးဧရိယာအတွင်း ဆွန်ဟောင်မင်ရဲ့ပေးပို့မှုကို အန်ဒွန်ဘီလီ အပြင်းကန်သွင်းယူပြီး စပါးအသင်းအတွက် အဖွင့်ဂိုးဖြစ်စေခဲ့တာပါ။ ပွဲချိန် (၃၁)မိနစ်မှာ စပါးအသင်းနောက်ခံလူ အော်ရီယေး (၂)၀ါ၊ (၁)နီနဲ့ထုတ်ပယ်ခံခဲ့ရလို့ စပါးအသင်း ဖိအားဝင်ခဲ့တာအမှန်ပါပဲ။

ပိုပြီးစိုးရိမ်စရာဖြစ်ခဲ့တာက ပွဲချိန် (၃၉)မိနစ်မှာ စပါးဂိုးသမားလိုရစ်ရဲ့မဖြစ်သင့်တဲ့အမှားကနေ ဆောက်သန်တန်တိုက်စစ်မှူး ဒန်နီအင့်စ်က ချေပဂိုးသွင်းယူခဲ့တာပါပဲ။

ချက်ချင်းဆိုသလို ပွဲချိန် (၄၃)မိနစ်မှာ အဲရစ်ဆင်-ဆွန်ဟောင်မင်တွဲလုံးကနေ အဲရစ်ဆင်ချပေးတာကို ဟာရီကိန်းက စပါးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးအဖြစ် ကန်သွင်းယူခဲ့ပါတယ်။ 

ဒါဟာ ဟာရီကိန်းအတွက်တော့ ဆောက်သမ်တန်အသင်းနဲ့တွေ့ဆုံတဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ (၂-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆောက်သမ်တန်အသင်း ချေပဂိုးအတွက်ကြိုးစားလာခဲ့လို့ ပွဲကပိုကြည့်ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တစ်ယောက်လျော့အိမ်ရှင်စပါးအသင်းဟာ အနိုင်ရလဒ်ကို ထိန်းကစားသွားနိုင်ခဲ့သလို၊ ဆောက်သမ်တန်အသင်းရဲ့ဂိုးရနိုင်တဲ့အခွင့်အရေးတွေကိုလည်း စပါးဂိုးသမားလိုရစ် လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ပွဲအပြီးမှာ စပါးအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 


READ NEXT
Cancel OK