Top News

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လိင်တူချစ်သူများအပါအဝင် လူမျိုးဘာသာမရွေး လုံခြုံစိတ်ချစွာ ကြည့်ရှုအားပေးခွင့်ရမည်ဟု ကာတာကတိပြု
24htopnews | December 5, 2024 12:12 PM CST

နိုင်ငံလူဦးရေ၏ ၆၇ ရာခိုင်နှုန်း ကျော်အထိ အစ္စလာမ်ဘာသာကိုးကွယ်သည့် ကာတာနိုင်ငံ၌ လိင်တူ နှစ်သက်ခြင်းကို ဥပဒေအရ တားမြစ်ပိတ်ပင်ထားသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ မည်သူမဆို လာ ရောက်ကြည့်ရှုနိုင်ကြောင်း ၎င်းက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး အမှုဆောင်ချုပ် နက်ဆာအယ်လ်ခါတာက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လိင်တူချစ်သူများ အပါအဝင် လူမျိုးဘာသာမရွေး လုံခြုံစိတ်ချစွာ ကြည့်ရှုအားပေးခွင့်ရမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

နိုင်ငံလူဦးရေ၏ ၆၇ ရာခိုင်နှုန်း ကျော်အထိ အစ္စလာမ်ဘာသာကိုးကွယ်သည့် ကာတာနိုင်ငံ၌ လိင်တူ နှစ်သက်ခြင်းကို ဥပဒေအရ တားမြစ်ပိတ်ပင်ထားသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ မည်သူမဆို လာ ရောက်ကြည့်ရှုနိုင်ကြောင်း ၎င်းက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။



 

" ဘယ်ပရိသတ်မဆို၊ ကျားမခွဲခြားမှုမရှိ၊ လူမျိုးဘာသာမရွေး အားလုံးကြည့်ရှုခွင့်ရမယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ ကာတာက အားလုံးအတွက် အန္တရာယ်အကင်းဆုံးနိုင်ငံတစ်ခုဖြစ်လာအောင် ကြိုးစားနေပြီး အားလုံးကိုလည်း ကြိုဆိုပါတယ်။ ပရိသတ်တစ်ဦးချင်းစီရဲ့ ဘေးကင်းလုံခြုံရေးက ကျွန်တော်တို့အတွက် အရေးကြီးဆုံးပါပဲ။ ပြိုင်ပွဲကာလအတွင်းမှာ ကာတာကို ပရိသတ်တစ်သန်းကျော် အထိ လာရောက်ဖို့လည်း မျှော်မှန်းထားပါတယ်။ လုံခြုံရေးအမှုထမ်းတွေကလည်း ကွဲပြားခြားနားတဲ့ အခြေအနေမျိုးစုံအတွက် အကြိမ်ကြိမ်လေ့ကျင့်ထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ပြိုင်ပွဲကာလအတွင်း အရက်ဘီယာရောင်းချမှုကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နက်ဆာအယ်လ်ခါတာက အတည်ပြု ပြောကြားသည်။ လက်ရှိအချိန်တွင် အဆင့်မြင့်ဟိုတယ်အချို့၌သာ နိုင်ငံ ခြားသားများအတွက် အရက်ရောင်းချခွင့်ပြုထားပြီး အများပြည်သူနေရာများတွင် သောက်စားမူးယစ်ခြင်းကို ဥပဒေအရ ကန့်သတ်တားမြစ်ထားသည်။ ပရိသတ်များ၏ လုံခြုံရေးနှင့် ဘောလုံးလူရမ်းကားပြဿနာမကြုံ တွေ့စေရန် တင်းကျပ်စွာဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

 


READ NEXT
Cancel OK