Top News

အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ မြန်မာအားကစားသမား ၁၃၀ တရုတ်နိုင်ငံသို့သွားရောက်၍ ပူးတွဲလေ့ကျင့်မည်
24htopnews | December 5, 2024 12:12 PM CST

မြန်မာအားကစားအဖွဲ့များ သွားရောက် လေ့ကျင့်မည့် ကိစ္စရပ်အတွက် သဘောတူ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားရုံ၌ ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr.Chen Hai တို့တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့သည်။

 

အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ မြန်မာအားကစားသမား ၁၃၀ တရုတ်နိုင်ငံသို့သွားရောက်၍ ပူးတွဲလေ့ကျင့်မည်

အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာအားကစားသမားအဖွဲ့များအနက် အားကစားသမား ၁၃၀ သည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံသို့သွားရောက်၍ ပူးတွဲလေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနှင့် တရုတ်အစိုးရ၏ နှစ်နိုင်ငံသဘောတူညီမှုအရ မြန်မာအားကစားအဖွဲ့များအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ တရုတ် နိုင်ငံသို့ သွားရောက်လေ့ကျင့်ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့များ သွားရောက် လေ့ကျင့်မည့် ကိစ္စရပ်အတွက် သဘောတူ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားရုံ၌ ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr.Chen Hai တို့တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့သည်။

" အားကစားသမား ၁၃၀ သွားရောက်လေ့ကျင့်ဖို့အတွက် တရုတ်နိုင်ငံက သဘောတူလက်ခံခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုပြီးဖြစ်တာကြောင့် ကျွန်တော်တို့ဘက်က ဘယ်အားကစားနည်းတွေ စေလွှတ်မလဲဆိုတာ ပြန် လည်ညှိနှိုင်းပြီး အတည်ပြုမှာပါ။ လောလောဆယ် ဘယ်အားကစားနည်းတွေ စေလွှတ်မလဲဆိုတာ အတည်မပြုရသေးပါဘူး။ တရုတ် နိုင်ငံက အားသာတဲ့ အားကစားနည်းတွေကို စေလွှတ်လေ့ကျင့်မှာပါ။ အောက်တိုဘာလလယ် နောက်ပိုင်းမှာ သွားရောက်လေ့ကျင့်ဖြစ်ဖို့များပါတယ်" ဟု အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြောကြားခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် နိုင်ငံတကာပြိုင်ပွဲများမယှဉ်ပြိုင်မီ ပြည်ပနိုင်ငံများ၌ သွားရောက်လေ့ကျင့်ရန် စေလွှတ်လေ့ရှိပြီး တရုတ်၊ ဂျပန် စသည့်အင် အားကြီးနိုင်ငံများနှင့် သဘောတူစာချုပ်ချုပ် ဆို၍ စေလွှတ်လျက်ရှိသည်။ ယခုဆီးဂိမ်းစ် ပြိုင်ပွဲမတိုင်မီတွင်လည်း ပြည်ပနိုင်ငံများ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး တရုတ်နိုင်ငံအပြင် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ စေလွှတ်လေ့ကျင့်ရန် စီစဉ်လျက်ရှိသည်။  တရုတ်နိုင်ငံနှင့် အစိုးရချင်း သဘောတူညီမှု ရထားပြီဖြစ်သောကြောင့် တရုတ်ရိုးရာအားကစားနည်းဖြစ်သည့် ဝူရှူးအားကစားနည်းအပါအဝင် တိုက်ခိုက်ရေးအားကစားနည်းများ၊ တရုတ်နိုင်ငံက အားသာသည့်အားကစား နည်းများကို စေလွှတ်လေ့ကျင့်ဖွယ်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK