Top News

ကွန်မြူနတီဒိုင်းနှင့် ချန်ပီယံလိဂ်အဖွင့်ပွဲတွင် ရှုံးနိမ့်ခြင်းမှာ မိမိတို့အတွက် ပိုမိုကောင်းမွန်ဟု ယာဂန်ကလော့ပ် သုံးသပ်
24htopnews | December 5, 2024 12:12 PM CST

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်သည့် လီဗာပူးလ်အသင်းသည် နာပိုလီအသင်း၏ကွင်း၌ နှစ်ရာသီဆက်တိုက် ရှုံးနိမ့်ခြင်းဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၉၉၄ ခုနှစ်နောက်ပိုင်း  အုပ်စုအဖွင့်ပွဲရှုံးနိမ့်သည့် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ရာသီကြို ကွန်မြူနတီဒိုင်းပြိုင်ပွဲနှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ရှုံးပွဲကြုံ တွေ့ခဲ့ခြင်းမှာ မိမိတို့အတွက် ပိုမိုကောင်းမွန်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မနေ့က ရှက်ဖီးယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲအပြီးတွင် ပရီးမီးယားလိဂ် ၁၆ ပွဲဆက်တိုက် အနိုင်ရထားပြီး အသင်း သမိုင်းတစ်လျှောက် အမှတ်ပေး ပွဲနိုင်ပွဲဆက်မှု အများဆုံး စံချိန်ရရှိထားသည်။ သို့သော် လီဗာပူးလ်အသင်းသည် ရာသီကြို ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် မန်စီးတီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို ပြီးခဲ့သည့် တစ်ပတ်က ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင်လည်း နာပိုလီအသင်းကို (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်သည့် လီဗာပူးလ်အသင်းသည် နာပိုလီအသင်း၏ကွင်း၌ နှစ်ရာသီဆက်တိုက် ရှုံးနိမ့်ခြင်းဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၉၉၄ ခုနှစ်နောက်ပိုင်း  အုပ်စုအဖွင့်ပွဲရှုံးနိမ့်သည့် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သို့ဖြစ်ရာ ကလော့ပ်က မိမိအသင်းကို ထိပ်တန်းအသင်းအဖြစ် သတ်မှတ်ထားသော်လည်း ထိပ်တန်းကလပ်ကဲ့သို့မပြုမူဘဲ ချန်ပီယံစိန်ခေါ်သူအဖြစ်သာ ဖြစ်စေလိုသော ကြောင့် ရှုံးပွဲကြုံတွေ့ခြင်းမှာ ပိုမိုကောင်းမွန်ကြောင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကလော့ပ်က " ကျွန်တော်တို့အနေနဲ့ စံချိန်တွေအကြောင်း မစဉ်းစားထားပါဘူး။ ကျွန်တော်က သတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်တိုင်း လာမယ့်ပွဲအကြောင်းပဲ အာရုံစိုက်ထားပါတယ်။ ချန်ပီယံလိဂ်နဲ့ တခြားဖလားပြိုင်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှုံးနိမ့်မှုရဲ့ခံစားချက်ကို အခုအချိန်အထိ သိနေစေလို့ပါ။ ကျွန်တော်တို့အနေနဲ့ ရှုံးပွဲ ကြုံတွေ့ချိန်မှာ အပြောင်းအလဲတွေလုပ်ဖို့ ဆန္ဒရှိတာကြောင့် အဲဒီအချက်က တကယ်အရေးကြီးပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ထိပ်တန်းအသင်းလို့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ထိပ်တန်းအသင်းတစ် သင်းလိုပြုမူ တာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ချန်ပီယံဆုကို တကယ်စိန်ခေါ်နိုင်တဲ့သူပဲ ဖြစ်ချင်တာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ရှက်ဖီးယူနိုက်တက်အသင်းနှင့်ပွဲတွင် မာနေ၊ ဆာလာ၊ ဖေ မီနိုတို့၏ MSF တိုက်စစ်အတွဲသုံးဦးစလုံး အပြင် ကွင်းလယ်တွင် ဟန်ဒါဆန်၊ ဖာဘင် ညို၊ ၀ိုင်နယ်လ်ဒမ်း၊ ခံစစ်တွင် အာနိုးလ်၊ ဗန်ဒိုက်၊ မာတစ်၊ ရောဘတ်ဆန်၊ ဂိုးသမားအဖြစ် အက်ဒရီယန်တို့ဖြင့် လူစုံအသုံးပြု၍ ယှဉ်ပြိုင်ကစားခဲ့သည်။ လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ ၂ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဆာလ်ဇ်ဘာ့ဂ် အသင်းနှင့် အိမ်ကွင်းပွဲစဉ်ကစားရမည်ဖြစ်ပြီး နိုင်ပွဲပြန်လည်ရယူနိုင်ရန် လိုအပ်နေသည်။ 

 


READ NEXT
Cancel OK