အာဆင်နယ်အသင်းနည်းပြ အမ်မရီက ယခုတစ်ပတ်ကစားမည့် မန်ယူနှင့်ပွဲမှာ မိမိတို့အတွက် (၃)မှတ်ရရှိရန် အကြီးမားဆုံးအခွင့်အရေးဖြစ်သည်ဟု ပြောကြားခဲ့ပြီး (၁၃)နှစ်အတွင်း အိုလ်ထရက်ဖို့ဒ်၌ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
အာဆင်နယ်အသင်းနည်းပြ အမ်မရီက ယခုတစ်ပတ်ကစားမည့် မန်ယူနှင့်ပွဲမှာ မိမိတို့အတွက် (၃)မှတ်ရရှိရန် အကြီးမားဆုံးအခွင့်အရေးဖြစ်သည်ဟု ပြောကြားခဲ့ပြီး (၁၃)နှစ်အတွင်း အိုလ်ထရက်ဖို့ဒ်၌ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အိုးလ်ထရက်ဖို့ဒ်ကွင်း၌ သွားရောက်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ရုန်းကန်ခဲ့ရပြီး ၂၀၀၆-၀၇ ရာသီက တိုက်စစ်မှူးဟောင်း အဒီဘာယော၏တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရပြီးနောက် (၁၃)နှစ်ကြာ နိုင်ပွဲပျောက်ဆုံးခဲ့သည်။
အမ်မရီက မိမိအနေဖြင့် စပိန်မှာရှိနေစဉ်ကတည်းက မန်ယူ-အာဆင်နယ်ထိပ်တိုက်တွေ့ဆုံသည့်ပွဲစဉ်များကို ကြည့်ရှုခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့်ပြိုင်ဘက်များအဖြစ် သတ်မှတ်ထားကြောင်း၊ လာမည့်ပွဲစဉ်မှာ (၃)မှတ်ရရှိရန် အကြီးမားဆုံးအခွင့်အရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမ်မရီက '' ဒီပွဲက စိတ်လှုပ်ရှားစရာပွဲစဉ််တစ်ပွဲပါ။ ကျွန်တော် စပိန်မှာရှိနေစဉ်ကတည်းက မန်ယူ-အာဆင်နယ်၊ အာဆင်နယ် - မန်ယူ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေကို ကြည့်လေ့ရှိပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒီလိုအရေးပါတဲ့ပွဲစဉ်တွေကို ကစားချင်ပါတယ်။ ကစားသမားတွေကလည်း ဒီပွဲအတွက် စိတ်အားထက်သန်နေကြတယ်။ မန်ယူနဲ့ပွဲဟာ ကျွန်တော်တို့အတွက် (၃)မှတ်ရဖို့ အကြီးမားဆုံးအခွင့်အရေးဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲကစားပြီးရာတွင် ရမှတ် (၁၁)မှတ်ရရှိထားပြီး မန်ယူအသင်းမှာမူ ရမှတ် (၈)မှတ်ရရှိထားသည်။ အာဆင်နယ်အသင်းသည် လာမည့်စက်တင်ဘာ (၃၀)ရက် (မြန်မာစံတော်ချိန် ည ၁း၃၀) တွင် မန်ယူအသင်းအား အိုးလ်ထရက်ဖို့ဒ်၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
