မန်ယူအသင်းသည် မော်လ်တာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးမြင့်လာစေရေး ကူညီဆောင်ရွက်ပေးရန် မော်လ်တာ အစိုးရ၊ MTA တို့နှင့် စက်တင်ဘာ အစောပိုင်းတွင် သဘောတူညီမှုရရှိ ထားသည်။
မော်လ်တာနိုင်ငံ၏ ခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ (MTA) အနေဖြင့် ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းကို ယူရိုသန်း ၂၀ စပွန်ဆာပေးမည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း မော်လ်တာ ခရီးသွား လုပ်ငန်းဝန်ကြီး မစ်ဇီက ငြင်းဆန်ပယ်ချခဲ့သည်။
မန်ယူအသင်းသည် မော်လ်တာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးမြင့်လာစေရေး ကူညီဆောင်ရွက်ပေးရန် မော်လ်တာ အစိုးရ၊ MTA တို့နှင့် စက်တင်ဘာ အစောပိုင်းတွင် သဘောတူညီမှုရရှိထားသည်။
ထို့အပြင် Visit Malta အမှတ်တံဆိပ်ကို လာမည့်သုံးနှစ်အတွင်း အိုးလ်ထရက်ဖို့ဒ်ကွင်းအပါအဝင် ဒစ်ဂျစ်တယ်စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြု ခွင့်စာချုပ်ကို ယူရိုသန်း ၂၀ ဖြင့် ချုပ်ဆိုထားကြောင်း Times of Malta သတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော် ခရီးသွားလုပ်ငန်းဝန်ကြီး မစ်ဇီက ယင်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း နှင့် အချက်အလက်များမှာ ရေးသားသူ၏ ခန့်မှန်းချက်သာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
