ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လင်းမြွေတောင်တွင် သြဂုတ် ၂၈ ရက်က တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအပြီး AA အဖွဲ့ထံမှ အလောင်း ခြောက်လောင်းနှင့် လက်နက်ငယ် ငါးလက် သိမ်းဆည်းရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။
လင်းမြွေတောင်တိုက်ပွဲမှာ သြဂုတ် ၂၈ ရက် နံနက် ၄ နာရီမှစတင်၍ AA အဖွဲ့က ရန်ကုန်-စစ်တွေ ကားလမ်းမကြီး လမ်းလုံခြုံရေး ဆောင်ရွက်နေသာ တပ်မတော်၏ လှုပ်ရှားစခန်း (ယာယီ) အား လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ မွန်းလွဲ ၂ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
“အဲဒီစခန်းမှာက တပ်က လှုပ်ရှား။ အနည်းငယ်ပဲ ရှိတယ်။ စခန်းဆိုတာထက် သူက လှုပ်ရှားစခန်းပေါ့။ အင်အားအနည်းပဲ ရှိတယ်။ အဲဒီကို သူတို့ မနက် ၄ နာရီမှာ လာပြီးတော့ တိုက်တယ်။ အင်အား ၁၅၀ လောက် နဲ့ တိုက်တယ်။ ကျွန်တော်တို့ ပစ်ခတ်မှုတွေက နေ့လည် ၂ နာရီလောက်မှာ အားလုံး ပြီးသွားတယ်။ ပြီးသွားတဲ့အချိန်မှာတော့ အဲဒီစခန်း ယာယီနေရာက နေပြီးတော ့ရှင်းတဲ့နေရာမှ သူတို့ဆီကနေ အလောင်း ခြောက်လောင်း ကျန်ခဲ့တယ်။ လက်နက်ငယ် ငါးလက် ရခဲ့တယ်။ လက်နက်ငယ် ငါးလက်မှာ စက်သေနတ် တစ်လက် အပါအဝင်ပေါ့။ လက်ပစ်ဗုံး ရှစ်လုံး ရလိုက်တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ လင်းမြွေတောင်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲနှင့် ပတ်သက်၍ Mike Mai ဟူသော အမည်ဖြင့် Facebook အသုံးပြုသူတစ်ဦးက သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ရေးသားထားရာ၌ လင်းမြွေတောင်ရှိ အမြောက်ဗျူဟာကုန်း စခန်းကို AA အဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် ဗျူဟာမှူးကျဆုံးပြီး အယောက် ၂၀ အရှင်ဖမ်းမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသည့် လက်နက်စာရင်း တို့ကိုလည်း ဖော်ပြခဲ့သည်။
ထို့သို အထက်ပါ အကောင့်ပိုင်ရှင် ဖော်ပြမှုသည် မှန်ကန်ခြင်း မရှိကြောင်း၊ အဆိုပါ နေရာတွင် အမြောက်တပ်လည်း မရှိကြောင်း၊ ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
သြဂုတ် ၂၇ ရက် ညပိုင်းကလည်း ကျောက်တော်မြို့နယ်၌ ကုလားတန်မြစ်အတွင်း သွားနေသည့် တပ်မတော် (ရေ) သင်္ဘောတစ်စင်းအား AA အဖွဲ့က လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်နှင့် AA အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာအချို့၏ ဖော်ပြမှုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
