နတ်မတောင် (ခေါ်) ခေါ်နူးစုမ် (၀ိတိုရိယ) တောင်သို့ ပြည်တွင်းပြည်ပ ခရီးသွားများ ဝင်ရောက်မှု များလာခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်သည့် ပြဿနာများလည်း ကြုံတွေ့လာရကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်၌ သြဂုတ် ၂၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်း မေးမြန်းသော ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သို့ လာရောက် လည်ပတ်ကြသော ပြည်တွင်းပြည်ပမှ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေသွားလာရေးအတွက် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး၏ ဖြေကြားချက်များအရ သိရသည်။
“ခရီးသွားဧည့်သည် ဝင်ရောက်မှု များပြားလာတာနဲ့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းမှာ ပါရှိတဲ့အတိုင်း တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများနဲ့ အခြားပန်းပန်နဲ့ သဘာဝအပင်များ ခူးယူသွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းနဲ့ တောင်ထိပ်မှာ ညအိပ်စခန်းချ၍ မီးဖိုခြင်း၊ အပင်များကို ချိုးဖဲ့၍ ထင်းသုံးခြင်း စတဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်တဲ့ ပြဿနာများ ကြုံတွေ့လာရပါတယ်”ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်သည့် ပုဂံဒေသမှာ လာရောက်ရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ခရီးသွားများကို ဆွဲဆောင်သည့် သဘာဝအလှအပများနှင့် ရှားပါးမျိုးစိတ်များ ရှိခြင်း၊ အမြင့်ပေ ၁၀၅၀၀ ခန့်ရှိ တောင်သို့ ခြေလျင်ဖြင့် အလွယ်တကူ တက်ရောက်နိုင်ခြင်းတို့ကြောင့် ခရီးသွား ဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ် များပြားလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
ခရီးသွား လာရောက်မှု အခြေအနေမှာ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၅၈၁ ဦးနှင့် ပြည်ပခရီးသွား ၅၀၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၁၄၃ ဦးနှင့် ပြည်ပခရီးသွား ၈၆၇ ဦး၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း ခရီးသွား ၆၁ ဦးနှင့် ပြည်ပခရီးသွား ၈၅၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၄၃၂၀ နှင့် ပြည်ပခရီးသွား ၇၂၄ ဦး၊ ၂၀၁၈ ခုနှစ်တွင် ပြည်တွင်း ခရီးသွား ၁၅၃၁၆ ဦးနှင့် ပြည်ပခရီးသွား ၅၇၀ ရှိကြောင်း ဒုတိယဝန်ကြီး၏ တင်ပြချက်အရ သိရသည်။
ဆက်လက်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အမျိုးသားဥယျာဉ်၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု မရှိစေရန်အတွက် တောင်ထိပ်သို့ သွားရောက်သည့် လမ်းကြောင်း တစ်လျှောက်တွင် အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုလုပ်ရန်နှင့် တောင်ဇလပ်ပန်း၊ ချယ်ရီပန်းနှင့် အခြားပန်းများကို ခူးဆွတ်ခြင်း မပြုလုပ်ကြရန် ဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ ဝန်ထမ်းများနှင့် ဒေသခံ လူငယ်များ စုပေါင်းပြီး အမှိုက်သိမ်းဆည်းခြင်း၊ ပညာပေး ဟောပြောခြင်းနှင့် ပန်းများခူးခြင်းကို တားဆီးခြင်း၊ ခရီးသွားများက အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုလုပ်ရေးအတွက် အမှိုက်စွန့်ပစ်ရန် နေရာများ သတ်မှတ်ပြီး အမှိုက်ပုံးကြီး ၁၀ ပုံး ထားရှိပေးခြင်း၊ နှစ်ခန်းတွဲ ယင်လုံအိမ်သာ သုံးလုံး ဆောက်လုပ်ခြင်း၊ တောင်ခြေရှိ ၁၀ မိုင်ခွဲစခန်းတွင် မောင်းတံဂိတ် တပ်ဆင်၍ ဝန်ထမ်းများ တာဝန်ချထားကာ စစ်ဆေးခြင်းနှင့် တားမြစ်ထားသည့် နေရာတွင် မီးမွှေးခြင်းပြုလုပ်သည့် ခရီးသွားအဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
