ငမိုးရိပ်ရေသန့်စက်ရုံတွင် ဓာတ်အားပြတ်တောက်မည်ဖြစ်သဖြင့် စက်တင်ဘာ ၂ ရက်တွင် မြို့နယ် ၁၂ မြို့နယ်၌ အချိန်ပိုင်းရေပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ထံမှ သိရသည်။
စက်တင်ဘာ ၂ ရက်တွင် ငမိုးရိပ်ရေသန့်စက်ရုံ (ညောင်နှစ်ပင်)သို့ သွယ်တန်းထားသော ကောင်းကင်ဓာတ်အားလိုင်း မကြာခဏ အပြစ်ဖြစ်ပေါ်မှုနည်းပါးစေရန် Cover ပါရှိသော Insulated Cabel နှင့် လဲလှယ်နေစဉ်ကာလအတွင်း ရေတွန်းစက်များ မောင်းနှင်ရန် လှော်ကား-ဖောင်ကြီးလိုင်းမှ ယာယီဓာတ်အားရယူရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် (ညောင်နှစ်ပင်) ရေသန့်စက်ရုံတွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ထိုစက်ရုံမှ အဓိကရေပေးဝေလျက်ရှိသည့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်ကံ၊ သာကေတ၊ ဒေါပုံမြို့နယ်များတွင် စက်တင်ဘာ ၂ ရက် နံနက် ၁၁ နာရီမှ ညနေ ၄နာရီအထိ ရေခေတ္တပြတ်တောက်မည်ဖြစ်သည်။
မြို့နယ် ၁၂ မြို့နယ်တွင် ရေခေတ္တပြတ်တောက်မည်ဖြစ်သဖြင့် ရေကြိုတင်စုဆောင်းထားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။
ဂျိုးဖြူပိုက်နှင့် လှော်ကားပိုက်တို့ကို ဆက်သွယ်ထားသည့် ပိုက်မှ Butterfly Vave အား လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သဖြင့် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်တိုင်းရှိ ၂၁ မြို့နယ် ရေပြတ်တောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
