ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် တင်ဒါဖွင့်ပွဲ၌ ပြင်ပမှ တက်ရောက်လေ့လာသူအချို့ အော်ဟစ်ပြောဆိုခြင်းများ ရှိခဲ့သည်မှာ ပွဲဆူစေသောကြောင့် နောင်တွင် တင်ဒါဖွင့်ပွဲများ၌ မီဒီယာများကိုသာ ဖိတ်ကြားတော့မည်ဖြစ်ပြီး အပြင်လူများအား ဖိတ်ကြားတော့မည်မဟုတ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။
သြဂုတ်၂ဝရက်က ထားဝယ်မြို့ မြို့တော်ခန်းမ၌ပြုလုပ်သည့် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် တင်ဒါဖွင့်ပွဲသို ့ကုမ္ပဏီများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပြီး တင်ဒါဖွင့်ပွဲအတွင်း ကုမ္ပဏီနှစ်ခု၏ Gas စျေးနှုန်းအခြေခံ တွက်ချက်မှုမတူညီခြင်းနှင့် တင်ဒါယှဉ်ပြိုင်သည့် ကုမ္ပဏီများတင်သွင်းထားသော Profile နှင့် Technical ပိုင်းဆိုင်ရာ အချက်အလက်များကို စိစစ်ရာတွင် ကုမ္ပဏီတစ်ခုဘက်မှ စောဒကတက် အငြင်းပွားမှုအချို့ရှိခဲ့ကြောင်း၊ ထို့ပြင် တင်ဒါဖွင့်ပွဲသို့ ပြင်ပမှ တက်ရောက်လေ့လာသူအချို့ အော်ဟစ်ပြောဆိုခြင်းများရှိခဲ့သည်မှာလည်း ပွဲဆူစေသောကြောင့် နောက်နောင်တွင် တင်ဒါဖွင့်ပွဲများ၌ မီဒီယာများကိုသာ ဖိတ်ကြားတော့မည်ဖြစ်ပြီး အပြင်လူများအား ဖိတ်ကြားတော့မည်မဟုတ်ကြောင်း တင်ဒါကော်မတီဥက္ကဋ္ဌဖြစ်သည့် တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ဆိုသည်။
“စည်းမျဉ်းစည်းကမ်းအရ လက်ခံလို့ မရဘူး။ မနေ့တုန်းက ရှင်းရှင်းပြောရရင် ပွဲကဆူလာတယ်ဆိုတော့ နောက်တစ်ခါဆိုရင် ကျွန်တော်တော့မီဒီယာပဲဖိတ်တော့မယ်။ အပြင်လူတွေမခေါ်တော့ဘူး။ ဒါစည်းမျဉ်းစည်းကမ်းအရ ကျင့်ဝတ်နားမလည်တာ။ လေ့လာခွင့်ပေးတယ်ဆိုတာ လက်ခုပ်တီးတာတို့၊ ဘေးကပြောတာတို့ လုပ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ ကော်မတီလည်းပြောလို့မရဘူး။ ရှင်းရှင်းပြောရင် စောင့်ကြည့်ခိုင်းတယ်ဆိုတာ တင်ဒါကော်မတီကနေပြီးတော့ လွဲလွဲမှားမှား လုပ်မလားဆိုတာ မဖြစ်အောင် စောင့်ကြည့်ခိုင်းတာ” ဟု ဦးအောင်သူရကဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
