သြဂုတ် ၂၉ ရက်က စိန်ရတနာ ပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များနှင့် ကိုရင်ငယ်များ ဆွမ်းဘုဉ်းပေးနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
၀ါတွင်းကာ၌ Eleven Media Group ဝန်ထမ်းများစုပေါင်း၍ အပတ်စဉ်လှူဒါန်းမှု စတုတ္ထအကြိမ်အဖြစ် တောင်ဥက္ကလာစိန်ရတနာပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် ကျောင်းရှိသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
၁၃၈၁ ခုနှစ် ၀ါခေါင်လကွယ် (၂၉.၈. ၂၀၁၉) တွင် Eleven Media Grop ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းရှိ အမှတ် (၂) ဝိုင်း စိန်ရတနာပရိယတ္တိစာသင်တိုက် (မိတ္တီလာကျောင်း)ရှိ သံဃာတော်များအား ၀ါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ ယင်းစိန်ရတနာပရိယတ္တိစာသင်တိုက်တွင် ရဟန်း၊ သာမဏေ စုစုပေါင်း ၁၂၀ ရှိကြောင်းသိရသည်။
အလားတူ သြဂုတ် ၂၃ ရက်တွင် ဒဂုံမြို့နယ် မြို့မကျောင်းလမ်းမရှိ စိန်ရတနာ ဓမ္မာစရိယစာသင်တိုက်ရှိ သံဃာတော်များအား Eleven Media Group ၏ Chairman ဒေါက်တာသန်းထွဋ်အောင်နှင့်ဇနီး၊ ဝန်ထမ်းများက ၀ါဆိုသင်္ကန်းငါးစုံ၊ လှူဖွယ်ဝတ္ထုနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ သြဂုတ် ၁၆ ရက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အ မှတ် ၄၂ ရပ်ကွက် သခင်အုန်းဖေကြီးလမ်းရှိ ထေရဝါဒဓမ္မဘောဇနဆွမ်းစားကျောင်း၌ သံဃာတော်များအား ၀ါဆိုသင်္ကန်းငါးစုံ၊ လှူဖွယ်ဝတ္ထုနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် သြဂုတ် ၆ ရက်ကလည်း သံဃာတော် ၃၇၀ ကျော် သီတင်းသုံးသည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ပိဋကသုံးပုံနိကာယ်စာသင်တိုက်မှ သံဃာတော်များအား ၀ါဆိုသင်္ကန်း၊ နေ့ဆွမ်းနှင့် နဝကမ္မဝတ္ထုတို့ကို လှူဒါန်းခဲ့ကြောင်းသိရသည်။
၀ါတွင်းကာလ၌ သံဃာတော်များအား ဆွမ်းကွမ်းအခက်အခဲမရှိစေရန် Eleven Media Group ဝန်ထမ်းများ စုပေါင်း၍ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် ဆွမ်းကို အပတ်စဉ်လှူဒါန်းမှုများ ပြုလုပ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
