သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးဒဏ်များကြောင့် မွန်ပြည်နယ်၌ ကျပ်သန်း ၁၁၈၅၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၈၀ သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။
“မွန်ပြည်နယ်အတွင်းမှာ သဘာဝဘေးဒဏ်ကြောင့် သြဂုတ်၂၈ ရက်အထိ စာရင်းတွေအရ ကျပ်သန်းပေါင်း ၁၁၈၅၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အဓိကက လူနေအိမ် ၃၅၈ လုံးလောက် ပျက်စီးသွားတယ်။ နောက် ဘုန်းတော်ကြီးကျောင်း ကိုးကျောင်း၊ သာသနိက အဆောက်အအုံ လေးခု၊ နောက်တစ်ခါ အဆောက်အအုံ အငယ်တွေက ၁၃ လုံး၊ နောက် အခြားအုတ်တံတိုင်း ပြိုတာတို့ စသည်ဖြင့်က ၂၈၀ ခု ပျက်စီးခဲ့ပါတယ်။ နောက်လမ်းတွေ၊ ရေမြောင်းတွေ ပျက်စီးဆုံးရှုံးခဲ့တာတွေ ရှိပါတယ်။ အဓိက ရေးမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှုတွေ များတယ်။ လူသေဆုံးမှု အနေနဲ့ကတော့ မြေပြိုကျမှု ဖြစ်ပွားခဲ့တဲ့ မလတ်တောင်ဖြစ်စဉ် အပါအဝင် လူ ၈၀ ဦးခန့် အသက်ဆုံးရှုံးမှု ရှိခဲ့ပါတယ်” ဟု မွန်ပြည်နယ် အစိုးရဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပျက်စီးဆုံးရှုံးတာတွေကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ဘဏ္ဍာ ရန်ပုံငွေကနေ ဆောင်ရွက်ရမှာရှိသလို ပြည် ထောင်စုအစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ ဆောင်ရွက်သွားရမှာ ရှိပါတယ်။ လက်ရှိမှာလည်း အလှူရှင်တွေ လာရောက်လှူဒါန်းထားကြတဲ့ အလှူငွေ ကျပ် တစ်ဘီလျံလောက် တော့ ရရှိထားပါတယ်။ အဲဒါကို ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ မွန်ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ အောက်မှာ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးစသည်ဖြင့် ဆပ် ကော်မတီ ၁၁ ခုဖွဲ့စည်းထားတာ ရှိပါတယ်။ ပြန်လည်ထူထောင်ရေး ဆပ်ကော်မတီက ပြန်လည်ထူထောင်ရေးတွေကို စီမံ ဆောင်ရွက်နေပါတယ်။ လက်ရှိလည်း စီမံဆောင် ရွက်နေဆဲဖြစ်ပါတယ်။ နောက်ပြီး ရေးမြို့နယ် ထဲမှာဆိုရင်လည်း လမ်းပန်းဆက်သွယ်မှုမ ပြတ်တောက်သွားအောင် ယာယီပြုပြင်မှု ဆောင်ရွက်နေပါတယ်”ဟု ပြောကြားသည်။
ရေပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ရေဘေးရှောင်စခန်းအားလုံးကို ပြီးခဲ့သည့် သြဂုတ်၂၄ ရက်က ရုပ်သိမ်းလိုက် ပြီဖြစ်ကြောင်း၊ ရေပြန်ကျသွားပြီဖြစ်သည့် အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်သည့်အ တွက် ပြည်နယ်အစိုးရအဖွဲ့ရုံး ရွှေဟင်္သာခန်း မ၌ ဖွင့်လှစ်ထားသည့် ပြည်နယ် သဘာဝဘေးကွပ်ကဲရေးရုံးကို သြဂုတ်လကုန်ပါက ပိတ် သိမ်းသွားတော့မည် ဖြစ်ကြောင်း၊ ရေပြန်ကျသွားပြီ ဖြစ်သည့်အတွက် လမ်းများ၊ နေအိမ် များ၊ ကျောင်းများ၌ တင်ကျန်ခဲ့သည့် ရွှံ့နွံများကို အမြန်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် ရေကြီးရေလျှံမှုဖြစ်စဉ်များ ကြောင့် ယာယီ ပိတ်ထားခဲ့ရသည့် စာသင် ကျောင်းပေါင်း ၆၇၉ ကျောင်းကိုလည်း သြ ဂုတ်၂၆ ရက်ကစပြီး ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ် ကြောင်း ဦးမြင့်သန်းဝင်းက ပြောကြားသည်။
“ပြန်လည်ထူထောင်ရေးအပိုင်းနဲ့ပတ် သက်လို့ ပျက်စီးသွားတဲ့ နေအိမ်တစ်လုံးက ဥပမာကျပ် ၁၀ သိန်းတန်တယ်ဆိုပေမဲ့ ပြန် လည်တည်ဆောက်ပေးရတဲ့ခါမှာတော့ ကျပ် ၁၀ သိန်းနဲ့ မရတော့ဘူး။ နည်းပညာတွေ၊ သဘာဝဘေးဒဏ် ခံနိုင်မှုကိုပါ စဉ်းစားပြီးတော့ ပြန်လည်တည်ဆောက်ပေးရတော့မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပျက်စီးဆုံးရှုံးသွားတာ ဒီလောက်ရှိတယ်။ ပြန်လည်ပြုပြင် တည်ဆောက်ဖို့အတွက်ကိုတော့ ပြန်လည် တွက်ချက်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ရေကြီးရေလျှံမှုများကြောင့် မိုးစပါး စိုက်ဧက ၁၄၃၂၀ လောက် ပျက်စီးခဲ့ပါတယ်။ အဲဒါကိုလည်း ယခင်နှစ်များနည်းတူ မျိုးစပါးတွေ ပြန်လည် ထောက်ပံ့သွားဖို့ကိုလည်း ပြည်ထောင်စုအစိုးရကို တင်ပြထားပြီး ဖြစ်ပါတယ််”ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။
သြဂုတ် ၈ ရက်မှ သြဂုတ်၁၂ ရက် အထိ မွန်ပြည်နယ် ရေးမြို့နှင့် ရေးမြို့နယ် တောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် လူနေအိမ် ၁၃၄ လုံး ရေဖြင့်မျောပါခြင်း၊ အိမ် ၂၅၇ လုံး ပြိုပျက်ခြင်း၊ အိမ်အလုံး ၁၈၀ ထိခိုက်ပျက်စီးခြင်းများရှိခဲ့ပြီး အိမ် ၇၄၉၀ ကျော် ရေမြုပ်ခဲ့ ကြောင်းနှင့် လူနေအိမ်များ၏ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၂၅၀၀ ကျော်ရှိကြောင်း ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရေးဦးစီး ဌာန၏ စာရင်းများအရ သိရသည်။
အလားတူ ဘီးလင်းမြို့နယ်၊ သထုံမြို့ နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ် များ၌လည်း မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရပြီးကျိုက်မရောမြို့နယ်အတွင်းရှိ အချို့ဒေသများ၌ လက်ရှိအချိန်အထိ ရေကြီးရေလျှံနေသည့် ရွာများရှိသေးကြောင်း သိရသည်။
ထို့ပြင် သြဂုတ် ၉ ရက် နံနက်ပိုင်းက ပေါင်မြို့နယ် မလတ်တောင်ပြိုကျမှုကြောင့် နေအိမ် ၂၇ လုံး၊ မော်တော်ယာဉ် ၁၀ စီးခန့် ပျက်စီးခဲ့ပြီး လူ ၆၉ ဦး သေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
