ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် သြဂုတ် ၂၃ ရက် နံနက်ပိုင်းက မိုးကြိုးပစ်ခံရသဖြင့် သံထီးတော်နှင့် အထက်ဌာပနာ တစ်ခုလုံး ပျက်စီးသွားခဲ့သည့် သမိုင်းဝင်စေတီတော်အား ပြန်လည်ပြုပြင်ရန် အခက်အခဲ ရှိနေကြောင်း သိရသည်။
ယင်းသို့ စေတီ ထီးတော်ပျက်စီးခြင်းနှင့် ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းက “ကျွန်တော်တို့က အုပ်ချုပ်အဆင့်ကို တင်ပြထားတယ်။ ကုန်ကျမယ့် ခန့်မှန်း တန်ဖိုးကိုလည်း တွက်ချက် တင်ပြထားပါတယ်။ ဒါပေမဲ့ ဘာမှတော့ ထူးခြားတာ မတွေ့ရသေးဘူး။ ဒီစေတီတော်က သမိုင်းဝင် စေတီတစ်ဆူလည်း ဖြစ်တယ်။ ပျက်စီးသွားတဲ့အတွက် အရင်စေတီနေရာမှာ တည်ထား ကိုးကွယ်ထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အခက်အခဲ ရှိနေပါတယ်။ အမြန်ဆုံး ပြန်လည်ပြုပြင် ပေးစေချင်ပါတယ်”ဟု ပြောကြားသည်။
ယင်းစေတီသည် တောင်ညိုကျေးရွာ၏ အမြင့်ဆုံးတောင်ထွဋ်တွင် တည်ထားသည့် စေတီတစ်ဆူဖြစ်ကာ အမြန်ဆုံး ပြန်လည်ပြု ပြင်ခြင်းအားဖြင့် ကျေးရွာသားများအနေဖြင့် စိတ်ချမ်းသာစွာ ဘုရားဖူးနိုင်မည် ဖြစ်ကြောင်း၊ ပျက်စီးနေသော စေတီတော်အား နေ့စဉ်တွေ့ မြင်နေရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်းလည်း ဒေသခံ ကျေးရွာသားများက ဆိုသည်။
ထိုစေတီအား ၂၀၁၃ ခုနှစ်က သင်းကျိတ်တောင် ဆရာတော်က ပြန်လည်မွမ်းမံ တည်ဆောက် ကိုးကိုယ်ခဲ့ကြခြင်း ဖြစ်ကာ မိုးကြိုးပစ်ခံရသည့်အတွက် အမြင့် ခြောက်ပေခန့်အထိ ပျက်စီးသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကုန်ကျငွေ သိန်း ၂၀ ခန့်က ုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
