ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ဘုန်းတော်ကြီးကျောင်းအတွင်း ဥပုသ်နေ့တွင် ဆွမ်းကျွေးရန် ထမင်းပေါင်းအိုးဖြင့် ထမင်းချက်နေရာမှ ထမင်းပေါင်းအိုး ပေါက်ကွဲကာ ကိုရင်တစ်ပါး အပါအဝင် သုံးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိမှုတစ်ရပ် သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မအီမြို့ အမှတ် (၃) ရပ်ကွက် ရှိ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတွင် ဥပုသ်နေ့ဖြစ်သဖြင့် ဥပုသ်စောင့်သူများကို ဆွမ်းကျွေးရန်အတွက် ကျောင်းဒကာမများက ထမင်းပေါင်းအိုးဖြင့် ထမင်းပေါင်းထားစဉ် လေထွက်ပေါက်ကို ပိတ်ထားသည့်အတွက် အပူလွန်ကဲပြီး ပေါင်းအိုး ပေါက်ကွဲကာ အနီးအနားတွင် ရှိနေသူများအား ထိခိုက်မိသဖြင့် ဒဏ်ရာများရရှိခဲ့ကြရာ အဆိုပါကျောင်းမှ ကိုရင်တစ်ပါး အပါအဝင် အမျိုးသမီးနှစ်ဦးတို့မှာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းသိန်းက “မအီတောကျောင်းလို့ခေါ်တဲ့ ကျောင်းမှာ ဖြစ်တာပေါ့။ မနက် ၈ နာရီ ကျော်လောက်က ဆွမ်းချက်နေစဉ်မှာ ထမင်းပေါင်းအိုး ပေါက်ကွဲသွားတာပေါ။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရကြပြီး ကိုရင်တစ်ပါး ပျံလွန်တယ်။ အမျိုးသမီးတစ်ဦး သေတယ်။ နောက်တစ်ဦးကလည်း ဆေးရုံကို ယူသွားတော့ အဲဒီမှာ သေဆုံးသွားတယ်။ ဆိုတော့ သေဆုံးသူက သုံးဦး ဖြစ်သွားတာပေါ့။ နောက်ထပ် ကိုရင်နှစ်ပါးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရထားကြတယ်။ ဆေးရုံံတင် ထားကြတယ်လို့ သိရတယ်”ဟု ပြောကြားသည်။
ဒေါ်စိန်မဦး ၆၈ နှစ်အား ဆေးရုံသို့ သယ်ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါ်မချေ ၆၁ နှစ်နှင့် ကိုရင်ဝရနန္ဒ၊ သက်တော် ၁၄ နှစ် တို့မှာ ယင်းနေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သူများမှာ ကိုရင်ခေမာနန္ဒ၊ အသက် ၁၅ နှစ်၊ ဦးခေါင်းနောက်စိ ပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ ကိုရင်ပညာသာရ အသက် ၁၄ နှစ်၊ ဝဲဘက်ပါး ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာခြေသလုံး ရေနွေးပူလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မအီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ပုက “ဥပုသ်နေ့ ဆိုတော့ ကျောင်းမှာ ဆွမ်းချက်တာပေါ့။ အဲဒီမှာ ထမင်းပေါင်းအိုး ပေါက်ကွဲပြီး နှစ်ဦးက အဲဒီမှာ သေတယ်။ နောက်အမျိုးသမီးတစ်ဦး က အမ်းဆေးရုံကို ပို့ဆောင်စဉ် သေသွားတယ်။ သုံးဦး သေဆုံးသွားတာပေါ့၊ ကျန်တဲ့ သုံးဦးက ဒဏ်ရာရှိသွားတယ်။ သိပ်တော့ မစိုးရိမ်ရပါဘူး။ အမှုဖွင့် ဆောင်ရွက်နေပါတယ်”ဟု ပြောကြားသည်။
ထိုဖြစ်စဉ်အပေါ် မအီနယ်မြေစခန်း မှ (ပ) ၃၉/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
