မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး ဘဏ္ဍာရေးစီမံကိန်း၊ စီးပွားရေးဆိုင်ရာ လေ့လာရေး ကော်မတီ၏ MIC ဆုံးဖြတ်ချက်၊ လုပ်ငန်းစဉ်ပေါ် လေ့လာစိစစ် သုံးသပ်မှုအတွက် ပြည်သူလူထု ကြားနားပွဲကို UNDP ၏ အထောက်အပံ့ဖြင့် မွန်ပြည်နယ် လွှတ်တော်တွင် သြဂုတ် ၂၈ ရက်က ကျင်းပရာ မွန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံကုမ္ပဏီများ၊ မွန်ကုန်သည် စက်မှုလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်း၊ ပညာရှင်၊ NGO များ တက်ရောက်၍ ပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
“၂၀၁၈ ခုနှစ်ကစပြီး ကုလသမဂ္ဂ UNDP နဲ့ပူးပေါင်းပြီး MIC ခွင့်ပြုချက်နဲ့ လုပ်နေတဲ့လုပ်ငန်းတွေ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ အခက်ခဲဘာတွေရှိလဲ၊ ပြောင်းလဲရမယ့် မူဝါဒပိုင်းဆိုင်ရာ ဘာတွေပြုပြင်ရမလဲ၊ ဒီကနေ့က သက်ဆိုင်တဲ့ဌာနနဲ့ MJC ခွင့်ပြုတဲ့ မတူကွဲပြားလုပ်ငန်းရှင်တွေနဲ့ တွေ့ပြီး အခက်အခဲတွေ အပြန်လှန် ဖလှယ်ဖြစ်ပါတယ်။ နောက် ဘာတွေပြုပြင် ပြောင်းလဲရမလဲဆိုတာ ကြားနာမှုလုပ်တဲ့ပွဲပါ။ ဥပမာ ဆိုလို့ရှိရင် MIC တင်လို့ရှိရင် EIA ၊ SIA ရှိစရာမလိုဘူးပေါ့။ MIC ကို အရင်တင်မယ်။ ခွင့်ပြုရင်လုပ်ကိုင် လို့ရတယ်။ ပြီးမှ EIA၊ SIA နောက်ကလိုက်မယ်။ မေးချင်တယ်။ ဒီဟာကို MIC ကခွင့်ပြု တယ်။ EIA ၊ SIA မပြီးခင် ဒီကြားထဲမှာ ပြဿနာပေါ်ရင် ဘယ်သူက တာဝန်ယူမလား၊ MIC က တာဝန်ယူမှာလား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တာဝန်ယူမှာ လား၊ သူ့ရဲ့ဥပဒေမှာက MIC က ခွင့်ပြုချက်ရ ပြီး သက်ဆိုင်ရာဌာနအသီးသီးခွင့်ပြုချက် အပြည့်စုံပါရမယ်။ ထုတ်လုပ်မှုတွေလုပ်နေ တယ်။ မြေကြီးတူးဖော်ခွင့်လိုင်စင်တွေမရ သေးဘူး။ ဘာကြောင့်ဖြစ်ရတာလဲ။ ဘယ်နေ ရာမှာ အားနည်းချက်ရှိလဲ။ အဓိကမူဝါဒပိုင်း ဆိုင်ရာဆွေးနွေးတာဖြစ်ပါတယ်”ဟု လွှတ် တော်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော် သူက ပြောကြားသည်။
“ပြည်သူ့အသံစစ်စစ်ကို ရရှိရန်ဘယ်လို နည်းသုံးမလဲ။ အရပ်ဘက်အဖွဲ့အစည်းက ဘယ်လိုပါဝင်ကူညီမလဲ။ ရေရှည်ထဲထဲဝင်ဝင် မရှင်းပြဘဲ အပေါ်ယံကောင်းတဲ့အချက်ကို ရှင်းပြမယ်ဆိုရင် ဆိုးတဲ့အချက်ကို ထိမ်ချန် ထားရင် ဒီအချက်တွေပေါ်ရင် ပြဿနာထပ် တက်မယ်။ အဲဒီကြောင့်မို့လို့အကောင်းဆုံးက ပွင့်လင်းမြင်သာစွာချပြဖို့၊ ထဲထဲဝင်ဝင်အသိ ပညာပေးလုပ်ပေး၊ ဒေသဖွ့ံဖြိုးကိုလည်း ယေ ဘုယျဆန်တာမျိုးမဟုတ်ဘဲနဲ့ တိတိကျကျ ဘယ်နေရာဘယ်လောက်သုံးတာကစ၊ ဆိုး ကျိုးကိုလည်း ဘယ်လိုကာကွယ်သွားလဲ ဆို တာလည်း နိုင်ငံတကာစံနှုန်း၊ မြန်မာပြည်စံ နှုန်းက ဘယ်လိုဆိုတာ ပွင့်ပွင့်လင်းလင်းချပြ ရင် ပြည်သူကလက်မခံနိုင်စရာမရှိပါဘူး”ဟု လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင် ကျော်သူက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်တွင် MIC ခွင့်ပြု လုပ်ငန်းများအား ကြပ်ရေးအဖွဲ့ကို ဝန်ကြီးချုပ်ဥက္ကဋ္ဌ၊ ပြည်နယ်မှူး မွန်ရင်းနှီးမြှုပ်နှံမှုက အတွင်းရေးမှူးအဖြစ် ပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်း၍ ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်ကို လုပ်ဆောင်နေပြီး ပုံမှန်ဆိုသည်မှာ တစ်နှစ်တစ်ခါ လိုအပ်ချက်အရ၊ MIC ညွှန်ကြားချက်အရ စစ်ဆေးခြင်းဖြစ်ပြီး တိုင်ကြားမှုများအရ ရှောင်ခင်စစ်ဆေး ကြီးကြပ်မှုပြုလုပ်၍ လိုအပ်ချက် တွေ့ရှိပါက MIC သို့ အစီရင်ခံကြောင်း ဦးစောလင်းအောင် (ဒုတိယညွှန်ကြားရေးမှူး မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ) က ပြောကြားသည်။
ယခ ုလူထုကြားနာပွဲသည် တိုင်း၊ ပြည်နယ် လွှတ်တော်တွင် မွန်ပြည်နယ် လွှတ်တော်က ပထမဆ ုံး ကျင်းပခြင်းဖြစ်ပြီး ရလဒ်ကို စာတမ်းပြုစ၍ မွန်ပြည်နယ်လွှတ်တော်သို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူပြီး ပါလီမန် အချင်းချင်း ချိတ်ဆက်မှုတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
