မြန်မာရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင် သောအဖွဲ့တို့ ဒီဇင်ဘာ ၃ ရက်ကနေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ တွေ့ဆုံစဥ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဒူးမားလွှတ်တော် ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ရွေးကောက်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်းသိရသည်။
ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မေးမြန်းချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့သည် ဒီဇင်ဘာ ၃ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှေးယခင်ကတည်းက ရင်းနှီးသည့်ဆက်ဆံမှုများရှိခဲ့ပြီး ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ ချစ်ကြည်ရေး ခရီး အပြန်အလှန် သွားရောက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် ခိုင်ခိုင် မာမာရပ်တည်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေး အဖွဲ့များ ဖိတ်ခေါ်သွားမည့်အခြေအနေများ၊ ဥပဒေပိုင်းဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုများ ဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်နိုင်မှုအခြေအနေများ၊ လူငယ်ရေးရာကိစ္စရပ်များတွင်အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ၊ အပြန်အလှန် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် စက်မှု လုပ်ငန်းများတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ၊ စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက် နိုင်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
