Top News

လာမည့် (၅) နှစ်မှ (၁၀) နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကကို ချယ်လ်ဆီးအသင်း လွှမ်းမိုးနိုင်မည်ဟု အသင်းနည်းပြ မာရက်စကာ ပြောကြား
24htopnews | December 5, 2024 5:12 PM CST

ချယ်လ်ဆီးနည်းပြ အန်ဇိုမာရက်စကာက ၎င်းတို့အသင်းအနေဖြင့် လာမည့် (၅) နှစ်မှ (၁၀) နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးနိုင်မည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့် (၂) နေရာ ရပ်တည်နေသော်လည်း မာရက်စကာက မိမိတို့အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဦးမည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက်တွင် ပေါင် (၁.၅) ဘီလီယံကျော် အသုံးပြုကာ အန်ဇိုဖာနန်ဒက်ဇ်၊ ကိုင်စီဒို၊ ဂျက်ဆင်၊ ပါလ်မာတို့ကဲ့သို့ ကစားသမားများကို ခေါ်ယူခဲ့သည်။

ချယ်လ်ဆီးအသင်း၏ ပျမ်းမျှအသက်မှာ(၂၃)  နှစ်ကျော်သာ ရှိသေးသဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဦးမည်မဟုတ်ဟု မာရက်စကာက ဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် မာရက်စကာက ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့် (၅)နှစ်မှ (၁၀) နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးမည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးပိုင်ရှင်တွေနဲ့ ပထမဆုံးတွေ့တဲ့အချိန်မှာ ဒီအသင်းဟာ (၅)နှစ်ကနေ (၁၀) နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးမယ့်အသင်း ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ချယ်လ်ဆီးကို ဘယ်သူပဲကိုင်ကိုင် သူတို့ဟာ အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ အပြည့်အဝယုံကြည်ထားပါတယ်''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK