Top News

ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး ခြေစွမ်းဖြစ်ကြောင်း ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာ ပြောကြား
24htopnews | December 5, 2024 5:12 PM CST

 

ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာ က မိမိအနေဖြင့် လက်ရှိတွင် ကစားသမားဘဝ တစ်လျှောက် အကောင်းဆုံးခြေစွမ်းကို ရရှိနေကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အ ရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်ကစားသမား ရာဖင်ညာသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြလျက် ရှိသည်။ 

ရာဖင်ညာက "ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးအချိန်ကို ကျွန်တော် ရောက်နေတာပါ။ ဒါပေမဲ့ ကျွန်တော် မရပ်တန့်ချင်ပါဘူး။ ဘာစီလိုနာအသင်းအတွက် ဒီထက်ပိုပြီး ကျွန်တော်လုပ် ပေးချင်တယ်။ လက်ရှိမှာ ကွင်းအတွင်း ပြသနေတဲ့ ကျွန်တော့်ရဲ့ စွမ်းဆောင်မှုအပေါ် ကျွန်တော့်အနေနဲ့ အားရကျေနပ်မှုအပြည့်ရှိပါတယ်။ အသင်းအနိုင်ရဖို့အတွက် ကျွန်တော့်အနေနဲ့ ဘာမဆိုလုပ်ပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ရာဖင်ညာသည် ဘာစီလိုနာအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၁) ပွဲတွင် (၁၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၀) ကြိမ်အထိ ပြုလုပ်ထားသည်။ 


READ NEXT
Cancel OK