Top News

ဆာလာအား ခေါ်ယူမည်ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း PSG အသင်း ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ ငြင်းဆန်
24htopnews | December 5, 2024 5:12 PM CST

 

PSG အသင်း၏ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီက လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာအား ခေါ်ယူမည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်သွားခဲ့သည်။ 

အသက် (၃၂) နှစ်အရွယ်ရှိ ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး လက်ရှိအချိန်ထိ လီဗာပူးလ်အသင်းက စာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းမှုမရှိသေးကြောင်း ဝန်ခံထားသည်။ 

ထို့ကြောင့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ဆာလာအား ခေါ်ယူရန် ဆော်ဒီကလပ်များနှင့် PSG အသင်းတို့က စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ ယင်းနောက် PSG အသင်းသည် ဆာလာကို ၂၀၂၅ နွေရာသီတွင် ခေါ်ယူရန် အသင့်ရှိနေပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း မီဒီယာ အချို့က ဖော်ပြခဲ့ကြသည်။ 

သို့သော် ယခုအခါ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း Sky Sports သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အယ်လ်ခီလိုင်ဖီက "ဆာလာက တကယ်ကောင်းပြီး အရမ်းတော်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဆာလာကို ခေါ်ယူဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဆာလာလို ကစားသမားကို အသင်းတိုင်းက လိုချင်ကြတယ် ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကိုခေါ်မယ်ဆိုတာကတော့ သတင်းအမှားတွေပါ"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK