မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်အား ခေါ်ယူရန်အတွက် စပို့တင်းလစ္စဘွန်းအသင်းနှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ယိုကယ်ရက်စ်သည် စပို့တင်းလစ္စဘွန်းအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၁) ပွဲတွင် (၂၄) ဂိုးအထိ သွင်းယူထားပြီး လက်ရှိ မန်ယူအသင်းကို ကိုင်တွယ်နေသည့် အာမိုရင်မ်လက်အောက်တွင် ကျော်ကြားလာသူဖြစ်သည်။
မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်အား အသင်းနည်းပြအဖြစ် ခန့်အပ်ပြီးနောက် စပို့တင်းလစ္စဘွန်းအသင်းတွင် ၎င်းနှင့်အတွဲညီခဲ့သည့် တိုက်စစ်မှူး ယိုကယ်ရက်စ်ကိုပါ ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။
ပေါ်တူဂီမီဒီယာများ၏ဖော်ပြချက်အရ မန်ယူအသင်းတာဝန်ရှိ သူများသည် ၂၀၂၅ နွေရာသီတွင် ယိုကယ်ရက်စ်ကို ခေါ်ယူရန်အတွက် ယခုကတည်းက စပို့တင်းလစ္စဘွန်းအသင်းနှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယိုကယ်ရက်စ်အားခေါ်ယူရန် မန်စီးတီးနှင့် ဘာစီလိုနာတို့ကလည်းစိတ်ဝင်စားနေကြရာ မန်ယူအသင်းအနေဖြင့် အဆိုပါအသင်းများနှင့်အပြိုင် ကြိုးပမ်းရဖွယ်ရှိနေသည်။
ယိုကယ်ရက်စ်သည် အင်္ဂလိပ်အသင်းများဖြစ်သည့် ကိုဗင်ထရီနှင့် ဘရိုက်တန်အသင်းတို့တွင် ကစားဖူးပြီး ကိုဗင်ထရီအတွက် (၁၁၆) ပွဲတွင် (၄၃) ဂိုးနှင့် ဘရိုက်တန်အတွက် (၈) ပွဲတွင် (၁) ဂိုး သွင်းယူခဲ့ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
