Top News

ဟိန္ဒူလူနည်းစုများဖိနှိပ်ခံရမှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ဆက်ဆံရေးတင်းမာ
24htopnews | December 5, 2024 5:12 PM CST

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူလူနည်းစုများကို ဖိနှိပ်ဆက်ဆံနေမှုအတွက် ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး တင်းမာလျက်ရှိပြီး အပြန်အလှန်ဆန္ဒပြမှုများ ပေါ်ပေါက်လျက်ရှိသည်။

ယခုဖြစ်ပွားနေသော တင်းမာမှုက လွန်ခဲ့သောတစ်ပတ်က ဟိန္ဒူဘုန်းတော်ကြီးတစ်ပါး ဘင်္ဂလားဒေ့ရှ်၌ ဖမ်းဆီးခံရမှုမှ စတင်ခဲ့သည်။ အိန္ဒိယတွင်ယင်းသို့ မကျေနပ်သူများကို ဟိန္ဒူတက်ကြွလှုပ်ရှားသူများက ဆန္ဒပြခဲ့ကြပြီး ဝန်ကြီးချုပ ်နရင်ဒရာမိုဒီ၏အာဏာရပါတီ BJP က အဖွဲ့ဝင်များကလည်း ဆန္ဒပြကြရာတွင် ပါဝင်လာကြသည်။

အခြေအနေက ပိုဆိုးလာပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း အက်ဂါတာလာမြို့၌ ဆန္ဒပြသူများက ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ဝင်ရောက်စီးနင်းသောင်းကျန်းသည်အထိ ဆူဆူပူပူဖြစ်ခဲ့သည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် ယုတ်မာသောလုပ်ရပ်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချထားပြီး သေချာစစ်ဆေးဖော်ထုတ်ပေးရန် ပြောကြားထားသည်။

တိုက်ခိုက်မှုအတွက် ရဲတပ်ဖွဲ့က လူ ၇ ဦးကို ဖမ်းဆီးသည်။ နိုင်ငံတွင်းရှိ ဘင်္ဂလားဒေ့ရှ် သံရုံးအဆောက်အအုံများရှိရာ နေရာတစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထားသည်။                  


READ NEXT
Cancel OK