Top News

အလောင်းတော်ကဿပဘုရားနှင့်ငါးမိုင်ခန့်အကွာတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲပြုတ်ကျခဲ့ပြီး သေဆုးံသူအချို့ရှိ
24htopnews | December 5, 2024 6:12 PM CST

မုံရွာမြို့ မှ အလောင်းတော်ကဿပဘုရားသို့ မတ် ၁၈ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာသော ဘုရားဖူးမှန်လုံယာဉ်တစ်စီးသည် အလောင်းတော်ကဿပ ဘုရားနှင့်ငါးမိုင်ခန့်အကွာ ချောင်းမကြီးနေရာအရောက်တွင် ချောက်ထဲပြုတ်ကျခဲ့ပြီး  သေဆုးံသူအချို့ရှိကြောင်း ကနဦးသတင်းရရှိသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မူတွင် သေဆုးံသူသည် ငါးဦးရှိကြောင်း ကြားသိထားရသည်ဟု  ကနီမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

" ဖြစ်တာက ဒီကနေ့ မနက် ၆ နာရီ ဝန်းကျင်လောက်ဖြစ်မယ် ။ ကားက လည်း လူ ၄၀ ကျော် လောက်ပါမယ် ။ အဲဒီနေရာက ကပိုင်ရွာကနေ ဆိုရင် ၁၅ မိုင်လောက် ဝေးမယ် ။ အခင်းဖြစ်ပွားတဲ့နေရာက ဖုန်းလိုင်း မမိတမိ ဖြစ်နေတော့

နောက်ကားတွေလာမှ အကူအညီတွေရတယ် ထင်တယ် ။ အသေအပျောက်တော့ များမယ်ထင်တယ် ။ လောလောဆယ် အလောင်းငါးလောင်းလောက် တွေ့တယ် ပြောတယ် " ဟု ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ယခုယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့် မော်တော်ယာဉ်ပေါ်တွင်ပါရှိသူများသည် ရန်ကုန်မြို့မှဖြစ်ကြောင်း ယာဉ်တိမ်းမှောက်မှုအား ကူညီပေးခဲ့သည့် ကပိုင်ကျေးရွာမှ ကိုအောင်သန်းဌေးကပြောကြားသည် ။

 

" ဒီကနေ့မနက် ၅ နာရီကျော်ကျော် လောက်မှာ ။ ဖြစ်တာက ချောင်းမကြီး အဆင်းဖက်မှာ ဖြစ်တာလေ ။ အမြင့်ဆုံးနေရာလေ ။ မိုင်တိုင်တော့ကျွန်တော်မသိဘူးဗျ ။ ကားက မှန်လုံ အကြီး ၄၅ ယောက် ဆန့်ပါ ။

လူနာတဲ့သူကိုက ၃၀ ကျော်လောက်နာမယ်။ သေတဲ့သူက ၅ ယောက်လောက် ရှိမယ် ။ ကျွန်တော်က ကပိုင်ရွာကပါ ။ ကပိုင်ရွာကနေ အကူအညီပေးနေတာပါ။ မိုင်နဲ့ပြောမယ်ဆိုရင် အလောင်းတော်ကဿပကို ရောက်ဖို့ ၅ မိုင်လောက်လိုတော့တာ ။

ကပိုင်နဲ့ ဆို ၁၅ မိုင်လောက် ဝေးမယ် ။ ကျွန်တော်ကားက ကပိုင်ကနေ အလောင်းတော်ကဿပကို ဘုရားဖူးတွေနဲ့ တက်သွားတာလေ။ ကျွန်တော့်ဘုရားဖူးတွေကို ထမင်းဆိုင်မှာချထားခဲ့ပြီးမှ အမျိုးသားဥယျဉ်က ကယ်ဆယ်ရေး အဖွဲ့

တွေ နဲ့ ဓါတ်ပုံ ဆရာတွေ ကို ခေါ် ပြီး တော့ ၊ ချောင်းမကြီး ( အခင်းဖြစ်တဲ့နေရာ ) ကို ပြန်ခေါက်ခဲ့တာ ။ ကျွန်တော်ကားနဲ့ လူနာ ၁၂ ယောက် လောက်ကို ကပိုင်တိုက်နယ်ဆေးရုံ ကို ပို့ပေးခဲ့တယ် ။ အဖွဲ့က တော့ ရန်ကုန် ၊ ဒေါပုံ က

အဖွဲ့ တွေ လို့ ပြောတယ် ။ ကားကတော့ ဘယ်ကကားမှန်း မသိဘူး ။ မုံရွာက ထင်တာပဲ ၊ ကားက အလောင်းတော်ကဿပကို အသွား ဖြစ်တာပါ ။ ကပိုင်ဆေးရုံကနေ အရေးကြီးလူနာတွေကို ကပိုင်ရွာရယ် ၊ ဒီနားလေးက လူမှု

ကူညီရေးကားတွေကို အကူအညီပေးနေပါတယ် " ဟု ကပိုင်ကျေးရွာမှ ကိုအောင်သန်းဌေးကပြောကြားသည် ။

ယခု ယာဉ်တိမ်းမှောက်ခြင်း သည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ဖြစ်သည်ဟု သိရသည် ။

 

 


READ NEXT
Cancel OK