ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာတွင် မတ် ၁၆ ရက် နံနက်ပိုင်း က အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦး ဝက်ဝံအကိုက်ခံရကာ သေဆုံးသွားပြီးနောက် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် အသက် ၄၀ ခန့် ကျေးရွာသားတစ်ဦးအား အဆိုပါဝက်ဝံကိုက်ခဲလိုက်သည့်အတွက် ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထိုသို့ ထပ်မံပြီးအကိုက်ခံရသူမှာ ထီးစွဲကျေးရွာမှ ခင်ဇော်ထွန်း (ဘ) ဦးခင်မောင်ဖြစ်ပြီး ဝက်ဝံမှရွာဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် ရွားသားများက မောင်းထုတ်ကြစဉ် မယူမြစ်ကမ်းအနီးသို့ ရောက်ရှိစဉ်တွင် ရွာသားများအား ပြန်လည်တိုက်ခိုက်ရန်ပြုခဲ့သည့်အတွက် လက်သည်းများဖြင့် ကုတ်ခြစ်ကာ ကိုက်ခဲခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း ကျေးရွာသားတစ်ဦးထံမှ သိရသည်။
“နံနက်ပိုင်းက မောင်းထုတ်လိုက်တဲ့အချိန်မှာ တစ်ယောက်သေဆုံးပြီး နောက်တစ်ယောက် ဒဏ်ရာရခဲ့တယ်။ မောင်းထုတ်လိုက်ပေမယ့် ပြန်လာတဲ့အတွက် ညနေပိုင်းမှာ မြစ်ထဲသို့ မောင်းချစဉ်မှာ နောက်ထပ်ရွာသားတစ်ယောက်ကို ကိုက်ခဲလိုက်တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပါတယ်။ အခုဆေးရုံကို တင်ထားပါတယ်။ အဲဒီဝက်ဝံကိုလည်း မြစ်ထဲသို့မောင်းချပြီး စက်လှေတွေနဲ့ လိုက်လံပြီး လှံနဲ့သတ်ပစ်လိုက်တဲ့အတွက် ရေထဲမှာ နစ်မြုပ်သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝက်ဝံအသေကိုတော့ အခုထိ ရှာမတွေ့သေးဘူး။ ရေမှာမြုပ်သွားတာ ရှာမတွေ့ ဘူးဖြစ်နေတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအေးက ပြောကြားသည်။
အဆိုပါဝက်ဝံသည် တောရိုင်းဝက်ဝံ တစ်ကောင်ဖြစ်ကာ လမ်းမှားပြီးကျေးရွာအနီးသို့ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။ လက်ရှိအခြေအနေတွင် ရသေ့တောင်မြို့နယ် အတွင်းရှိ တောတောင်များတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကြောက်လန့်ထွက်ပြေးရာတွင် လမ်းမှားပြီး ရောက်လာခြင်းဖြစ်နိုင်ကြောင််း ပြောဆိုကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
