Top News

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲများ ပခုက္ကူ၊ ကျောက်ဆည်နှင့် ရွှေဘိုမြို့တို့တွင် ပြုလုပ်
24htopnews | December 5, 2024 6:12 PM CST

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲများ ပခုက္ကူ၊ ကျောက်ဆည်နှင့် ရွှေဘိုမြို့တို့တွင် မတ် ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်တွင်းရှိ မြို့နယ်ငါးမြို့နယ်မှ ဒေသခံအင်အား ၅၀၀၀ ကျော်က ပခုက္ကူမြို့တွင် စုဝေး၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီအား ထောက်ခံကြောင်း မတ် ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ပခုက္ကူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ ရေစကြိုမြို့များမှ ပြည်သူများသည် ပခုက္ကူမြို့ ဗိုလ်ချုပ်ပန်းခြံတွင် စုဝေး၍ မြို့မလမ်း၊ ထင်တန်းလမ်းနှင့် သမ္မစာရလမ်းများအတိုင်း ချီတက်၍ ခရိုင်အားကစားကွင်းတွင် ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲတွင် “ပြည်သူ့ဆန္ဒ အစစ်အမှန်မပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေး၊ ဒီမိုကရေစီစံ နှုန်းများဖြင့် ကိုက်ညီမှုမရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး ဒို့အရေး၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့တွေ အားလုံးပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ရေးဆွဲပြီး ဒီအတိုင်း လုပ်လာတာ ဆယ်နှစ်နီးပါးရှိပြီ။ ဒီဖွဲ့စည်းပုံမှာ ပြင်စရာတွေ အများအပြားရှိတယ်။ လွှတ်တော်မှာ စစ်တပ်ပါဝင်ပတ်သက်မှု လျှော့ချချင်တယ်။ အရပ်သားနိုင်ငံရေးလွှတ်တော်စစ်စစ် ဖြစ်စေချင်တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပြီးဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူး ပေါင်းကော်မတီက ပြင်ဆင်မယ့်အချက်တွေကို ကျွန်တော်တို့ ပခုက္ကူခရိုင်လူထုကထောက်ခံတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ ပခုက္ကူမြို့မှ ကိုသက်လေးက ပြောကြားသည်။

အလားတူ မန္တလေးတိုင်​း​ဒေသကြီး ​ကျောက်​ဆည်​မြို့တွင်​ ၂၀၀၈ ဖွဲ့စည်​းပုံအခြေခံဥပ​ဒေ ပြင်ဆင်ရေးအတွက်​ လူထု​ထောက်ခံပွဲကို မတ်​ ၁၇ ရက်​ နံနက်​ပိုင်​းက မြို့ခံလူထုက ပူး​ပေါင်​း​ဆောင်ရွက်​ခဲ့​ကြောင်​း သိရသည်​။

အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး ​ထောက်​ခံပွဲကို ​ကျောက်​ဆည်​ဆင်​ပြိုင်​ပွဲ ပြုလုပ်​သည်​့ ​ရွှေသာ​လျောင်​း​တောင်​​ခြေကွင်​းတွင်​ စုရပ်​အဖြစ်​စတင်​ကာ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေးအတွက်​ ​တောင်​းဆိုဆန္ဒပြု​သော စာသားပါ ဆိုင်​းဘုတ်​များကိုင်​​ဆောင်​၍ မြို့အတွင်​း လှည်​လည်​ခဲ့ပြီး ဆင်​ပြိုင်​ကွင်​းတွင်​ ပြန်လည်အဆုံးသတ်​ကာ ​ဟော​ပြော​ဆွေး​နွေးမှုများ ဆောင်​ရွက်​ခဲ့​ကြောင်​း သိရသည်​။

“အ​ခြေခံဥပ​ဒေကို ပြည်​သူ​တွေအ​နေနဲ့ လက်​မခံဘူး။ တိုင်​းနဲ့ပြည်​နယ်​အသီးသီးမှာလည်​း ​ထောက်ခံပွဲတွေ ပြုလုပ်​​နေတယ်​။ ဒါ​ကြောင်​့ အခု​ကျောက်​ဆည်​အ​နေနဲ့လည်​း ပြုလုပ်​တာဖြစ်​တယ်​​။ တစ်​​ယောက်​ထဲအမြင်​နဲ့ ​ပြောရရင်​​တော့ အ​ခြေခံဥပ​ဒေကို အရင်​ကတည်​းကလည်​း မကြိုက်​ခဲ့ဘူး။ ၂၀၁၄ ခုနှစ်​တုန်​းကလည်​း ၄၃၆ ပြင်​ဆင်​​ရေးလှုပ်ရှားမှု ပြုလုပ်​ခဲ့တယ်​။ အခုက ဒုတိယအကြိမ်​ လုပ်တာဖြစ်​တယ်​။ လက်​ရှိပြဋ္ဌာန်​းထားတဲ့ ၂၀၀၈ အ​ခြေခံဥပ​ဒေမှာ အခုဥပ​ဒေကိုပစ်​ပြီး​တော့ ​နောက်ထပ်​ ဥပ​ဒေသစ်​ မ​ရေးဆွဲရဘူးလို့ မပါရှိဘူး။ ဒါ​ကြောင်​့ ပြင်​ဆင်​ဖို့ခက်​ခဲ​တယ်​ ကမ္ဘာပေါ်မှာတောင်​ အခက်​အခဲဆုံးလိုဖြစ်​​နေတဲ့ဒီ ဥပ​ဒေကိုပြင်​ဆင်​မယ်​့အစား အသစ်​​ရေးတာ ပိုသဘောကျပါတယ်”​ ဟု ​ကျောက်​ဆည်​မြို့ခံ ၈၈ ငြိမ်​း/ ပွင်​့အဖွဲ့မှ ဦးစိုးသီဟက ဆိုသည်။

လူထု​ထောက်​ခံပွဲတွင်​ မြို့ခံ ၆၀၀ ​ကျော်​ပါဝင်​လှုပ်​ရှားမှုပြုလုပ်​ခဲ့ပြီး ဆန္ဒပြုလက်​မှတ်​​ကောက်​ယူမှုများ စု​ဆောင်​းခဲ့ပြီး ထပ်​မံ၍ ဆန္ဒပြုလက်မှတ်​​ကောက်​ယူမှု ပြုလုပ်​ကာ ပြင်​ဆင်​နိုင်​မှု အ​ထောက်အကူပြု အဖွဲ့များသို့ တင်​ပြသွားမည်​ဖြစ်​​ကြောင်​း သိရသည်​။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် မတ် ၁၇ ရက်နံနက် ၈ နာရီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို လူအင်အား ၅၀၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လူအင်အားကတော့ ငါးထောင်ကျော်ပါတယ်။ သက်ဆိုင်ရာရဲစခန်းကို ခွင့်ပြုမိန့် တင်ပြီးတော့ ဒီပွဲကိုလုပ်ခဲ့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ သူ့ဇနီးကလည်း လာရောက်အားဖြည့် ဝန်းရံပေးပါတယ်” ဟု ရွှေဘိုမြို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲ ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံဖြစ်သူ ကိုအောင်ခိုင်ကျော်က ပြောကြားသည်။

လူထုထောက်ခံပွဲ ချီတက်လမ်းလျှောက်ရာတွင် ၂၀၀၈ ခြေ/ ဥပြင်ဆင်ရေး ဒို့အရေး၊ ၂၀၀၈ခြေ/ ဥ ပြင်ဆင်ရေးကော်မတီအား ထောက်ခံရေး ဒို့အရေး၊ ဒီမိုကရေစီစံနှုန်းနှင့်ညီသော ဖွဲ့စည်းပုံပေါ်ပေါက်ရေး ဒို့အရေး စသည့် အချက်သုံးချက်ကို တောင်းဆိုခဲ့သည်။

 


READ NEXT
Cancel OK