ပြန်လည်ပေါင်းသင်းရန် ငြင်းဆိုသည့် ဇနီးအား ခင်ပွန်းက ခဲတံချွန်ဓားဖြင့် လည်ပင်းလှီးမှု သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မတ် ၁၇ ရက်က အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ မတ် ၁၀ ရက် ည ၇ နာရီခန့် တွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ရန်ကုန်သစ်ရပ်ကွက်နေ ဒေါ်...(၄၅ နှစ်) သည် သုဝဏ္ဏစျေးသို့ စျေးဝယ်ရန်သွားရောက်ခဲ့ ကြောင်း သိရသည်။
ထိုသို့သွားရောက်စဉ် လွန်ခဲ့သည့်နှစ်နှစ်ခန့်က ၎င်းနှင့်စကားများပြီး ပေါင်းသင်းနေထိုင်ခြင်းမရှိဘဲ ကွာရှင်းခဲ့သည့် ခင်ပွန်း ဟောင်းဖြစ်သူ ဦး...(၃၉ နှစ်)မှာ အနောက်မှ လိုက်လာပြီး ၎င်းတို့နှစ်ဦး ပြန်လည်ပေါင်းသင်းနေထိုင်လိုသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့ ပြောဆိုချိန်တွင် ဒေါ်...(၄၅ နှစ်) မှာ မပေါင်းသင်းဟု ပြောဆိုငြင်းဆန်ခဲ့သည့်အချိန်၌ ဦး ....(၃၉ နှစ်)မှာ မကျေမနပ်ဖြစ်ကာ ခဲတံချွန်ဓားဖြင့် ဒေါ်...(၄၅ နှစ်) ၏ လည်ပင်းကို လှီးခဲ့ကြောင်း သိရသည်။
ဓားဖြင့်အလှီးခံရသဖြင့် ဒေါ်...(၄၅ နှစ်) မှာ လည်ပင်း၌ ခြောက်လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်လက်မောင်းတွင် သုံးလက်မခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ငါးရက်ခန့် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ထို့နောက် ဒေါ်...(၄၅ နှစ် ) က မတ် ၁၆ ရက်တွင် ၎င်းအား ခဲတံချွန်ဓားဖြင့် လှီးသွားသူအား အရေးယူပေးရန် သက်ဆိုင်ရာ သုဝဏ္ဏ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်ကြားသဖြင့် သက်ဆိုင်ရာရဲစခန်းက (ပ)၂၄၉/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ဦး ....(၃၉ နှစ်)ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
