ရွှေတိဂုံစေတီတော်တွင် ဘဏ္ဍာတော်ငွေကျပ် ၇၈ ဒသမ ၆၉၁ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်း ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ငွေမှာ ဖေဖော်ဝါရီ ၂၈ ရက်အထိ အခြေအနေဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က “ဘဏ္ဍာတော်ငွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ စည်းကမ်းတကျ ဆောင်ရွက်ထားပါတယ်။ နှစ်အလိုက် ရသုံးခန့်မှန်းခြေငွေစာရင်းရေး ဆွဲပါတယ်။ တောဘုရားလို့ပြောရင် ကန်တော့ပါ။ ရသမျှငွေသိမ်း သုံးစရာရှိ ထုတ်သုံးမဟုတ်ပါဘူး။ ကျွန်တော်တို့အရင် ၂၀၁၈ ၊ ၂၀၁၇၊ ၂၀၁၆ တုန်းက ရတဲ့ရငွေအားလုံး၊ သုံးငွေအားလုံးကို ရသုံးခန့်မှန်းခြေရေးဆွဲပြီးတော့မှ သုံးစွဲခဲ့တာဖြစ်တယ်။ အခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေစပြီး ဒီဇင်ဘာအထိ အလှူရရှိတဲ့ငွေ၊ ကောက်ခံရရှိတဲ့ငွေ အားလုံးကို ရငွေအဖြစ် တွက်ချက်ပြီးတော့ သုံးငွေခန့်မှန်းခြေကိုလည်း တွက်ချက်ထားပြီးတော့ ရငွေသုံးငွေခန့်မှန်းခြေအတိုင်း စနစ်တကျသုံးစွဲပါတယ်” ဟု ပြောကြားသည်။
ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ငွေကို ဘဏ်တွင် စာရင်းရှင်အပ်နှံထားသော ငွေပမာဏ ၂၆၇၃ သန်း၊ ငွေစုစာအုပ်များ (ငွေစုဘဏ်)၏ ငွေပမာဏ သန်း ၆၄၄၉၀၊ ငွေစုလတ်မှတ်များ၏ တန်ဖိုးမှာ ၈၅၂၈ သန်း၊ ဘဏ်အပ်ငွေ (Fixed Deposit) ပမာဏမှာ သန်း ၃၀၀၀ ရှိပြီး စုစုပေါင်း ကျပ် ၇၈၆၉၁ သန်း( ၇၈ ဒသမ ၆၉၁ ဘီလျံ) ရှိကြောင်းနှင့် နိုင်ငံခြားငွေအမေရိကန် ဒေါ်လာ ၁၅ ဒသမ ၉ သန်းရှိကြောင်း သိရသည်။
အဆိုပါ ဘဏ္ဍာငွေစာရင်းများ တိကျမှန်ကန်မှုရှိစေရန်အတွက် နှစ်စဉ် ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးက စစ်ဆေးဆောင်ရွက်ပေးကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
