မိမိကိုယ်ကိုယ် ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် ကြေညာထားသော ဟွမ်ဂွါအီဒိုသည် သမ္မတနီကိုးလပ်စ်မာဒူရိုအား ရာထူးမှ ဖြုတ်ချရန် အရပ်ဘက်လှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လာစေရန် လှုံ့ဆော်နိုင်ရေးအတွက် မတ် ၁၅ ရက်က ၎င်း၏ ပြည်တွင်းခရီးစဉ်ကို စတင်ခဲ့သည်။
“လွတ်လပ်ရေးလုပ်ငန်းစဉ်” ဟု အမည်ပေးထားသော ထိုခရီးစဉ်ကို အသက်၃၅ နှစ်အရွယ် ဂွါအီဒိုသည် နိုင်ငံမြောက်ပိုင်းရှိ ဗယ်လန်စီယာမြို့မှ စတင်ခဲ့သည်။ ထိုစဉ် သမ္မတမာဒူရိုကို လိုလားသော စစ်တပ်ကမူ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခဲ့ကြသည်။ ထိုစစ်ရေးလေ့ကျင့်မှုများသည် နိုင်ငံထဲမှ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံရမည့် အန္တရာယ်ကို တွန်းလှန်ရေးအတွက် အဓိကထားခြင်းဖြစ်သည်။
“ပြည်သူတွေပိုင်တဲ့အရာကို ကျွန်တော်တို့ ပြန်ပြီးတောင်းဆိုကြမှာဖြစ်ပါတယ်” ဟု ဂွါအီဒိုက ထောင်နှင့်ချီသော ထောက်ခံသူများကို မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံတစ်ဝန်းမှ လူများကို စုဝေးခေါ်ဆောင်ပြီး မြို့တော်ကာရာကတ်စ်ရှိ သမ္မတနန်းတော်သို့ ချီတက်မည့်အရေးသည် မည်သည့်အချိန်တွင် လုပ်ဆောင်မည်ကိုမူ ဂွါအီဒိုက မထုတ်ဖော်ခဲ့ပေ။
“ကျွန်မတို့ရဲ့ အနာဂတ်သမ္မတ ဟွမ်ဂွါအီဒိုက သွားဖို့ပြောရင် သမ္မတနန်းတော်ကို အခုသွားဖို့ အဆင့်သင့်ဖြစ်နေပါပြီ” ဟု အသက် ၅၀ အရွယ် ရှေ့နေတစ်ဦးဖြစ်သည့် မီလာဂရို့စ်လီမာက ဆိုသည်။
ယခုခရီးစဉ်တစ်လျှောက်တွင် ဂွါအီဒိုနှင့်အတူလိုက်ပါမည့် အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်များသည် “လွတ်လပ်မှုအဖွဲ့” ဟု ခေါ်ဆိုသော အရပ်သားအဖွဲ့များကို နိုင်ငံတစ်ဝန်း၌ ဖွဲ့စည်းရန် လုပ်ဆောင်ကြမည်ဖြစ်သည်။ မတ် ၁၆ ရက်တွင် အတိုက်အခံတို့၏ ပြောကြားချက်အရ ဗင်နီဇွဲလားထဲရှိ ပြည်နယ် ၂၃ ခုထဲတွင် အဖွဲ့ ၅၀ ကျော် ဖွဲ့ပြီးဖြစ်သည်ဟု သိရသည်။
“ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့တတွေ စည်းစည်းလုံးလုံးနဲ့ လမ်းပေါ်မှာ ချီတက်ကြမယ်” ဟု ဂွါအီဒိုက ပြောကြားခဲ့သည်။ ပြည်ပမှ စစ်ရေးကြားဝင်မှုကို ခွင့်ပြုရန်ဟုဆိုသော ဗင်နီဇွဲလားဖွဲ့စည်းပုံအခြေခံ ဥပဒေထဲတွင် ပါဝင်သော အပိုဒ်တစ်ခုအား အသက်သွင်းရန် အမျိုးသားလွှတ်တော်ကို တောင်းဆိုမည့်နည်းလမ်းကိုလည်း ဖယ်ထုတ်ထားခြင်းမရှိကြောင်း ဂွါအီဒိုက ပြောကြားခဲ့သည်။ သို့သော် ယင်းကဲ့သို့လုပ်ရပ်မျိုး လုပ်ဆောင်နိုင်ရန် အခြားသူများပေါ်တွင်လည်း မူတည်ဦးမည် ဖြစ်သည်။
မာဒူရိုအစိုးရကို စွန့်ခွာလာသည့်စစ်သားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ပြောကြားထားသော ဂွါအီဒိုက အတိုက်အခံဆန္ဒပြသူများကို မနှိမ်နင်းရေးအတွက် တောင်းဆိုရန် လုံခြုံရေးအရာရှိများထံ ဆက်သွယ်နေသည်ဟု မတ် ၁၆ ရက်က Twitter ပေါ်တွင် ရေးသားခဲ့သည်။
ဗင်နီဇွဲလားတွင် အတိုက်အခံများ၏ စုဝေးပွဲကျင်းပမှုများမှာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်လာစဉ် မတ် ၁၆ ရက်က မာဒူရိုလိုလားသော လူအုပ်ကြီးများသည် မြို့တော်ကာရာကတ်စ်၏ လမ်းများပေါ်တွင် စုဝေးချီတက်ခဲ့ကြသေးသည်။ အစိုးရလိုလားသူများ၏ ချီတက်ပွဲအတွင်း ဟစ်ကြွေးသံများကြားထဲတွင် အမေရိကန်ကြားဝင်မှုကို ဆန့်ကျင်သည့် အသံများ ဟိန်းနေခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
