Top News

တိုက်ကြီးမြို့နယ် သာရဝေါကျေးရွာအနီးရှိ ဧရာဝတီမြစ်လယ်တွင် ၀ါးများဖြင့် ဇက်လှေအသွင်ပြုလုပ်ထားသည့် စက်လှေနှစ်စင်းတွဲတိမ်းမှောက်သဖြင့် အမျိုးသမီးခြောက်ဦး သေဆုံး
24htopnews | December 5, 2024 6:12 PM CST

တိုက်ကြီးမြို့နယ် သာရဝေါကျေးရွာအနီးရှိ ဧရာဝတီမြစ်လယ်တွင် ၀ါးများဖြင့် ဇက်လှေအသွင်ပြုလုပ်ထားသည့် စက်လှေနှစ်စင်း တွဲတိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးခြောက်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မတ် ၁၇ ရက် တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

မတ် ၁၆ ရက် နံနက် ၇ နာရီခန့်တွင် တိုက်ကြီးမြို့နယ် သာရဝေါကျေးရွာနေ ဦး...(၆၀ နှစ်) သည် ၀ါးများဖြင့် ဇက်လှေအသွင်ပြုလုပ်ထားသည့် စက်လှေနှစ်စင်းတွဲအား သာရဝေါကျေးရွာဘက်မှ မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ဦး...(၆၀ နှစ်) မောင်းနှင်သည့် စက်လှေပေါ်တွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၂၆ ဦး လိုက်ပါလာခဲ့ကြောင်း၊ ယင်းသို့ မောင်းနှင်လာစဉ် သာရဝေါကျေးရွာမှ ပေ ၁၅၀ ခန့်အကွာ ဓါတ်ဆီသောင်၊ မြေနုကျွန်းသို့ မောင်းနှင်လာစဉ် စက်လှေမှာ တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

စက်လှေတိမ်းမှောက်ခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှာဖွေရာ အမျိုးသမီးခြောက်ဦးမှာ မြစ်အတွင်း သေဆုံးနေပြီး ကျန်သူများမှာ အသက်ရှင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ စက်လှေမောင်းသူ ဦး...(၆၀ နှစ်)အား အဖျောက်နယ်မြေရဲစခန်း မှ (ပ) ၁၈/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/၂၈၀ (ပေါ့လျော့မှုကြောင့် လူသေမှု^/ရေယာဉ်အား အရမ်းဦးစီးသွားလာမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK