ခွေးကိုက်ခံရသည့် လူနာများကို ဆေးကုသမှုပေးနေသည့် Dog-Bite Care Centre များကို မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံများတွင်ပါ ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ခွေးကိုက်ခံရသည့်လူနာများ ဆေးကုသမှုခံယူနိုင်ရန် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းဆေးရုံကြီးတို့တွင် Dog-Bite Care Centre များ ဖွင့်လှစ်ရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ တစ်နိုင်ငံလုံးတွင် ခွေးကိုက်ခံရသူ လူနာဦးရေသည် ၂၀၁၇ ခုနှစ်တွင် ၁၈၀၃၆၇ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၁၉၂၆၁၉ ဦးခန့်ရှိသည်ဟု သိရသည်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေး ပြတ်လပ်မှုကြောင့် ခွေးကိုက်လူနာများသည့် ပြည်သူ့ဆေးရုံအများစုတွင် ဆေးတစ်လုံး လူနာငါးဦးထိုးနှံနိုင်သည့် အရေပြားတွင်း ဆေးထိုးခြင်းစနစ် Intradermal (ID) အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွင် အသားဆေးထိုးခြင်း (Intra Muscular administration) နှင့် အရေပြားတွင်းထိုးခြင်း (Intradermal administration) နည်းများဖြင့် အသုံးပြုနိုင်ပြီး ID အသုံးပြုမည်ဆိုပါက ဖွင့်ဖောက်ဖျော်စပ်ထားသော ဆေးပုလင်းများသည် ဖွင့်ပြီး ခြောက်နာရီအတွင်း အသုံးပြုရမည်ဖြစ်သဖြင့် ဆေးကို ကောင်းမွန်စွာချွေတာနိုင်ရန် ဆေးထိုးခြင်းအတွက် လုံလောက်သော ဆေးထိုးမည့်လူဦးရေကိုစုပြီး ထိုးပေးနိုင်လျှင် ပိုမိုသင့်လျော်ပြီး ဆေးတစ်လုံးလူနာငါးဦး ထိုးနှံနိုင်သည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နိုင်ငံအသီးသီးတွင် ငွေကြေးကုန်ကျမှုသက်သာစေသည့် အရေပြားတွင်း ဆေးထိုးစနစ်အစီအစဉ် Intradermal (ID) rabies vaccination schedule ကို တိုက်တွန်းအားပေးလျက်ရှိပြီး ၎င်းဆေးထိုးနည်းသည် စိတ်ချရပြီး ထိရောက်မှုရှိသည့်အပြင် ခေတ်မီကာကွယ်ဆေးများကို လက်လှမ်းမီပြီး စျေးသက်သက်သာသာဖြင့် သုံးစွဲနိုင်ကြောင်းသိရသည်။
ခွေးရူးပြန်ရောဂါသည် ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပွားသော ရောဂါဖြစ်ပြီး ၎င်းရောဂါသည် တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါတစ်မျိုးဖြစ်သည်။ ခွေးရူးပြန်ရောဂါဖြစ်ပွားပုံ သွင်ပြင်နှစ်မျိုးရှိပြီး ပထမတစ်မျိုးမှာ ဂနာမငြိမ်ဖြစ်ခြင်းနှင့် ဒုတိယတစ်မျိုးမှာ အကြောသေခြင်းတို့ဖြစ်ကြောင်းနှင့် ပထမအမျိုးအစားမှာ ပိုမိုအဖြစ်များလေ့ရှိကြောင်း သိရသည်။
ခွေးရူးပြန်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် သွေးနွေးသတ္တဝါတိရစ္ဆာန်၏ အာရုံကြောစနစ်ကို ထိုးဖောက်ဝင်ရောက်ပြီး ဗိုင်းရပ်စ်ပိုးသည် ကနဦးခွေးရူးပြန်ရောဂါဖြစ်နေသော သတ္တဝါ၏ တံတွေးထဲတွင်ရှိနေရာ တစ်စုံတစ်ယောက်အား ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်းအားဖြင့် ကူးစက်စေနိုင်ကြောင်းနှင့် ပွန်းပဲ့ပြတ်ရှနေသော အရေပြား သို့မဟုတ် ပါးစပ်၊ နှာခေါင်းတို့၏ အတွင်းသားများမှတစ်ဆင့်လည်း ရောဂါကူးစက်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ခွေးရူးပြန်ရောဂါဖြစ်ခြင်း၏ ၉၆ ရာခိုင်နှုန်းသည် ခွေးကိုက်ခြင်းကြောင့်ဖြစ်ပြီး ကြောင်၊ မြွေပါ၊ မြေခွေး၊ ခွေးအ၊ ဝံပုလွေနှင့် အခြားအသားစားတိရစ္ဆာန်များကိုက်၍ ရောဂါကူးစက်နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
