Top News

သာကေတမြို့နယ် ပဲခူးမြစ်အနီး ဆိပ်ကမ်းသာလမ်းပေါ်ရှိ အီကို-စမတ်မြို့တော်အိမ်ရာများ နိုင်ငံတကာအဆင့်မီ ကြိုပွင့်စနစ်ဖြင့် စတင်ရောင်းချ
24htopnews | December 5, 2024 6:12 PM CST

သာကေတမြို့နယ် ပဲခူးမြစ်အနီး ဆိပ်ကမ်းသာလမ်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နိုင်ငံတကာအဆင့်မီ အီကို-စမတ်မြို့တော်ကြီး၏ အရောင်းပြခန်းဖွင့်လှစ်ခြင်းကို မတ် ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Emerald Bay အိမ်ရာစီမံကိန်းသည် ခုနစ်သိန်းလေးသောင်းစတုရန်းမီတာရှိ မြေကွက်ပေါ်တွင် အိမ်ခန်းပေါင်း ၆၀၀၀ ကျော် ဖော်ထုတ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင် ကြီးကျယ်ခမ်းနားသော ကွန်ဒိုမီနီယံ Project များပါဝင်ပြီး အဆင့်မြင့် နည်းပညာသုံး လူနေမှုပုံစံများဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။ အိမ်ရာအတွင်း ယာဉ်ဝင်ထွက်သွားလာခြင်းကို ခွဲခြားသိမြင်နိုင်ခြင်း၊ တံခါးများတွင် လက်ဗွေစနစ်ပါဝင်ခြင်း၊ တိုက်ရိုက်သောက်သုံးနိုင်သော ရေသန့်စင်စနစ်၊ စာပို့စာယူအဆင့်မြင့်စနစ်၊ အဆင့်မြင့်နည်းပညာ သုံးစွဲထားသော လုံခြုံရေးဂိတ်တံခါးများ၊ Cloud နည်းပညာသုံး စောင့်ကြည့်ရေးစနစ်၊ လူမျက်နှာနှင့် Scan ဖတ်နိုင်သော လုံခြုံရေးစနစ်၊ Cloud ဗီဒီယိုအင်တာကွန်စနစ်၊ လျှပ်စစ်ဆင်ဆာစနစ် အသုံးပြုထားသော နံရံများ၊ ၂၄ နာရီ အဆင့်မြင့်စောင့်ကြည့်စနစ်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် စတုရန်းမီတာ ၃၀၀၀၀ ကျော် ကျယ်ဝန်းသော စျေးဝယ်စင်တာကြီး ပါဝင်မည်ဖြစ်ပြီး Citymartနှင့် JCGV ရုပ်ရှင်ရုံ များပါဝင်မည်ဖြစ်သည်။

Emerald Bay စီမံကိန်းတွင် စတုရန်းမီတာ ၁၅၀၀၀ ကျော်ကျယ်ဝန်းသည့် အထပ်မြင့်ပန်းဥယျာဉ်၊ စတုရန်းမီတာ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် မြစ်ကမ်းနံဘေးပန်းခြံ၊ Infinity ရေကူးကန်၊ အားကစားလေ့ကျင့်ခန်း၊ ကလေးကစားစရာနေရာများနှင့် Central Club တို့လည်း ပါဝင်သည်။ အိမ်ရာစီမံကိန်းတွင်ပါဝင်သည့် အဆောက်အအုံများမှာ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် နည်းပညာမြင့် ဆောက်လုပ်ရေးစနစ်များဖြင့် ဖန်တီးဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Emerald Bay အိမ်ရာစီမံကိန်းရှိ တိုက်ခန်းများကို ဝယ်ယူရာတွင် မတ် ၁၇ ရက်မှ ၂၃ ရက်အတွင်း ဝယ်ယူသူများ ပထမဆုံးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀ (သို့မဟုတ်) သိန်း ၂၀ ကြိုတင်စာရင်းသွင်းရုံဖြင့် သုံးရာခိုင်နှုန်းအထိ သက်သာသည့်အပြင် လိုချင်သည့်နေရာကို ကြိုပွိုင့်စနစ်ဖြင့် ယူထားနိုင်ကြောင်း သိရသည်။

Emerald Bay အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့ သာကေတမြို့နယ်တွင်တည်ရှိပြီး ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်မြစ် ချောင်းသုံးခုဆုံဆည်းရာနေရာများတွင် တည်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK