Top News

အာနိုးလ်ကို ဇန်နဝါရီတွင် ရီးယဲလ် ခေါ်ယူမည်မဟုတ်
24htopnews | December 5, 2024 7:12 PM CST

ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်အား လာမည့်ဇန်နဝါရီတွင်ခေါ်ယူမည်မဟုတ်ကြောင်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် ခံစစ်ပိုင်းပြဿနာများနှင့် ကြုံတွေ့ရနေပြီး လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်ကို ဇန်နဝါရီတွင် ခေါ်ယူဖွယ်ရှိသည်ဟု သတင်းထွက်ပေါ် ခဲ့သည်။

သို့သော် ယခုအခါ ရီးယဲလ်အသင်းသည် အသက် (၂၆) နှစ်အရွယ် အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်ကို ဇန်နဝါရီတွင် ခေါ်ယူမည်မဟုတ်ဘဲ လီဗာပူးလ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၅ နွေမှသာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။

အာနိုးလ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက ၎င်းကို လစာတိုးပေးကာ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။ 


READ NEXT
Cancel OK