ကမ္ဘာ့ဖလားခြေစစ်ပွဲ မဲခွဲပွဲသို့ တူဟယ်လ် တက်ရောက်မည်
24htopnews | December 5, 2024 7:12 PM CST
အင်္ဂလန်အသင်းနည်းပြသစ် သောမတ်စ်တူဟယ်လ်သည် ပထမဆုံး အင်္ဂလန်အသင်းကိုယ်စားပြုမှုအဖြစ် လာမည့်အပတ်တွင်ကျင်းပမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ မဲခွဲပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
တူဟယ်လ်သည် အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် အောက်တိုဘာလတွင် ခန့်အပ်ခံရပြီးနောက် Low Profile အဖြစ်သာ နေခဲ့ပြီး လာမည့် ဇန်နဝါရီ (၁)ရက်တွင်မှ စတင်တာဝန်ထမ်းဆောင်မည်ဖြစ်သော်လည်း အင်္ဂလန်အသင်းနည်းပြအဖြစ် ခြေစစ်ပွဲမဲခွဲပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။
တူဟယ်လ်အနေဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)နှင့် (၁၈)လသက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လစာအဖြစ် ပေါင်(၆)သန်းဝန်းကျင်အထိ ရရှိမည်ဟု သတင်းများက ဖော်ပြခဲ့သည်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်မဲခွဲပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၃)ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
