ဘာစီလိုနာအသင်းသည် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည့် အဓိကကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းအား ယူရိုသန်း (၂၀) တည်းဖြင့် ရောင်းထုတ်ရန် အသင့်ရှိကြောင်း စပိန်အားကစားသတင်းစာ SPORT က ဖော်ပြခဲ့သည်။
အသက် (၂၇) နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းသည် နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသူဖြစ်သည်။
၎င်းသည် လက်ရှိအသင်းနည်းပြ ဟန်ဆီဖလစ်ခ်လက်ထက်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိ်ဘဲ ပုံမှန်ပွဲထွက်ခွင့်ရရန်ပင် ရုန်းကန်နေရသည်။
ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့်အခြေအနေကြောင့် ဖရန်ကီဒီယွန်း၏အနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းများထွက်ပေါ်လာခဲ့သည်။
ယင်းအနေအထားတွင် ဖရန်ကီဒီယွန်းသည် ဘာစီလိုနာအသင်းပရိသတ်များ၏လှောင်ပြောင်မှုကို ခံနေရသလို၊ အသင်းပရိသတ်များနှင့်လည်း အဆင်မပြေ ဖြစ်နေကြောင်း သိရှိရသည်။
ယခုအခါ SPORT က ဘာစီလိုနာအသင်းအနေဖြင့် ၎င်းတို့ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းအား ယူရိုသန်း (၂၀) ဖြင့် ခေါ်ယူရန် ကမ်းလှမ်းမှုများ ရှိလာပါက လက်ခံသွားရန်အသင့်ရှိနေကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်း နှင့် ချုပ်ဆိုထားသည့် ဖရန်ကီဒီယွန်း၏လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည့်ဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်မရောက်မီ ဖရန်ကီဒီယွန်းကို ရောင်းထုတ်လိုနေခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ယခင်က ဖရန်ကီဒီယွန်းကို စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးခဲ့သော်လည်း ယခုအခါ ဆွေးနွေးမှုများကိုရပ်ဆိုင်းကာ ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် ဖရန်ကီဒီယွန်းအား ရောင်းထုတ်လိုခြင်းမှာ မြင့်မားလှသည့် ၎င်း၏ လစာငွေမှာလည်း အကြောင်းပြချက်တစ်ရပ် ဖြစ်ကြောင်း သိရှိရသည်။
ဖရန်ကီဒီယွန်းသည် ဘာစီလိုနာအသင်းသည် တစ်နှစ်လစာ ယူရို (၃၅)သန်းအထိ ရရှိနေသူဖြစ်သည်။
ဘာစီလိုနာအသင်းသည် လက်ရှိတွင် ခြေစွမ်းပြရန် ရုန်းကန်နေရသည့် ဖရန်ကီဒီယွန်းကို ယင်းသို့မြင့်မားသည့်လစာ ပေးလိုခြင်းမရှိတော့သည့်အတွက် ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ဒီယွန်းကို ခေါ်ယူစဉ်က ယူရို (၇၅)သန်း ပေးခဲ့ရသော်လည်း ယခုအခါ အရှုံးခံရောင်းချလိုနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
