ဟာလန်းသည် ကမ္ဘာ့အဆင့်မဟုတ်ဟု ဗန်ဒါဗတ် ဝေဖန်
24htopnews | December 5, 2024 7:12 PM CST
စပါးကွင်းလယ်ကစားသမားဟောင်း ဗန်ဒါဗတ်က မန်စီးတီးတိိုက်စစ်မှူး ဟာလန်းသည် ကမ္ဘာ့အဆင့်ကစားသမားမဟုတ်ကြောင်း ဝေဖန်ခဲ့သည်။
ဟာလန်းသည် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၂) နှစ်ဆက်တိုက် ရရှိထားသလို၊ ယခုရာသီတွင်လည်း (၁၂)ဂိုးသွင်းယူထားသော်လည်း ဝေဖန်မှုအချို့နှင့် ရင်ဆိုင်နေရသည်။
ဗန်ဒါဗတ်က ''အပြေးမြန်တာလေးကို ဖယ်လိုက်ရင် ဟာလန်းက သာမန်ကစားသမားပါပဲ။ သူ့ကို မနာလိုလို့ ပြောတာမဟုတ်ပါဘူး။ နည်းစနစ်အရဆိုရင် သူက ကစားသမားကောင်း မဟုတ်ပါဘူး။ မန်စီးတီးမှာ ဂိုးတွေသွင်းနေပေမဲ့ သူက ကမ္ဘာ့အဆင့်မဟုတ်ပါဘူး။ လူတွေရယ်ကြမှာ ဖြစ်ပေမဲ့ ဒါက ကျွန်တော့်ရဲ့အမြင်ပါ''ဟု ပြောကြားခဲ့သည်။
ဟာလန်းသည် မန်စီးတီးအသင်းတွင် ပြိုင်ပွဲစုံ(၁၁၈)ပွဲကစားကာ (၁၀၇)ဂိုး သွင်းယူပေးထားသူဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
