လာဇီယို နှင့် နာပိုလီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ပုံမှန်အားဖြင့်တော့ နာပိုလီအသင်းက စီးရီးအေမှာ အခြေအနေကောင်းနေချိန်ဆိုရင် ကိုပါအီတာလီယာပြိုင်ပွဲကို အာရုံစူးစိုက်မှု လျော့နည်းတတ်တယ်။ ဒါပေမဲ့ အခုက နည်းပြသစ် ကွန်တီလက်ထဲ ရောက်နေပြီး ဥရောပပြိုင်ပွဲလည်းမရှိလို့ ဖလားတစ်လုံးကို လွယ်လင့်တကူ လက်လွတ်ခံဖို့မရှိတာတော့ သေချာပါတယ်။ ကွန်တီရဲ့နာပိုလီအသင်းက ပြည်တွင်းဖလား (၂)လုံးကို စိန်ခေါ်နိုင်စွမ်း အမြင့်ဆုံးမှာရှိတာ သက်သေပြပြီးသားအသင်းပါ။ လာဇီယိုအသင်းက နိုင်ပွဲတွေဆက်နေခဲ့ပြီးမှ ရလဒ်တွေ ပြန်ကျဆင်းသွားတာ တွေ့ရတယ်။ နာပိုလီပဲ ရွေးချယ်ချင်တယ်။
-----------------------------------------------------------------------------------------------
ကာဆယ်ရေညို နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)
ကာဆယ်ရေညိုက စတုတ္ထတန်းကလပ်ဖြစ်ပေမဲ့ တတိယတန်းတက်ရောက်ဖို့ တာစူနေတဲ့ အသင်းပါ။ ဒါပေမဲ့ အဆင့်ချင်းအရမ်းကွာလို့ အက်သလက်တီကိုကို ယှဉ်နိုင်မှာ မဟုတ်ဘူးး။
အော်ရီဟွယ်လာ နှင့် ဂီတာဖေး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)
အော်ရီဟွယ်လာက လာလီဂါကလပ်တွေဆို ခံကစားနိုင်တဲ့ အစဉ်အလာရှိတယ်။ ဂီတာဖေး ဂိုးပြတ်နိုင်ဖို့ခက်လို့ အော်ရီဟွယ်လာကို ရွေးချင်တယ်။
ဆယ်အူတာ နှင့် အိုဆာဆူနာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)
ဆယ်အူတာက တတိယတန်းကလပ်ဖြစ်ပြီး ရလဒ်ပိုင်းလည်း မဆိုးပါဘူး။ ဒါပေမဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲဆို အားထည့်ကစားလေ့ရှိတဲ့ အိုဆာဆူနာကို ကြိုက်တယ်။
အိုလော့ နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
အိုလော့က အတော့်ကို ဆိုးရွားနေပြီး စတုတ္ထတန်းမှာတောင် အဆင့်(၁၇)ရောက်နေတယ်။ ဆီဗီလာ အနည်းဆုံး (၃) ဂိုးပြတ်လောက်နဲ့ နိုင်မယ်။
ကွန်ကန်ဆီ နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ကွန်ကန်ဆီက အားနည်းချက်တွေ အရမ်းများတဲ့အသင်းဖြစ်ပြီး အောက်တန်းမှာတောင် ဂိုးအလှူပေးနေရတယ်။ ဆိုစီဒက် ဂိုးပြတ်နိုင်လိမ့်မယ်။
အခြားပွဲစဉ်များ
ပွန်ဖယ်ရာဒီနာ - ကက်စတယ်ယွန်*
*ဘာရာကယ်ဒို - ရေဆင်းဖယ်ရိုလ်
*မာဘယ်ယာ - ဘူဟို့စ်
*အန်ဒိုရာ - ကာတာဟယ်နာ
မင်နဲရာ - အလာဗတ်စ်*
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
