
အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် (မာရှယ်လော) ကို ထုတ်ပြန်ကြေညာသောတောင် ကိုရီးယားသမ္မတယွန်းဆော့ယိုကို စွဲချက်တင်ပြီး ရာထူးမှ ဖယ်ရှားရန် အတိုက်အခံပါတီက ကြိုးပမ်းနေခြင်းကို ဆန့်ကျင်သွားမည်ဟု သမ္မတ၏လက်ရှိအာဏာရပါတီဖြစ်သော ပြည်သူ့အင်အားပါတီက ဒီဇင်ဘာ ၄ ရက် တွင် ကြေညာခဲ့သည်။
အာဏာရပါတီက အစည်းအဝေးလုပ်ပြီး အထက်ပါအတိုင်းဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ပါတီဝင်များက သမ္မတယွန်းကို စွပ်စွဲပြစ်တင်ရန် လွှတ်တော်တွင် အဆိုပြုထားသော အတိုက်အခံပါတီများ၏ ကြိုးပမ်းချက်ကို ဆန့်ကျင်ရန် ထောက်ခံထားကြသည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
သမ္မတသည် ဝန်ကြီးချုပ်၊ အာဏာရပါတီခေါင်းဆောင်များနှင့် ဒီဇင်ဘာ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ သမ္မတကို စွဲချက်တင်ရေးကိစ္စလွှတ်တော်တွင်းမဲခွဲမှုကို ဒီဇင်ဘာ ၆ ရက် သို့မဟုတ် ၇ ရက်တွင် ပြုလုပ်ရန်ရှိနေသည်။ လွှတ်တော်ကသာ စွဲချက်တင်ရေးကို အတည်ပြုမည်ဆိုပါက သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။
စွဲချက်တင်ရေးအဆို အောင်မြင်ရန် လွှတ်တော်အမတ်သုံးပုံနှစ်ပုံ၏ထောက်ခံမဲရရှိရန် လိုအပ်နေသည်။ အမတ် ၃၀၀ ရှိသော လွှတ်တော်တွင်အတိုက်အခံအမတ်အရေအတွက်ဖြင့် အဆိုပါမဲကို ရနိုင်သော်လည်း အာဏာရပါတီထံမှ ရှစ်မဲ လိုနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်