လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲတည်းမှာပင် ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှု ပွဲအများဆုံးပြုလုပ်နိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၄ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) တွင် နယူးကာဆယ်နှင့် လီဗာပူးလ်အသင်း သုံးဂိုးစီသရေကျခဲ့ပြီး ဆာလာက နှစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သည်။
ဆာလာသည် မိနစ် ၅၀ တွင် ကာတစ်ဂျုံးစ်သွင်းယူသည့် ပထမဂိုးကို ဖန်တီးပေးခဲ့သလို ၆၈၊ ၈၃ မိနစ်တွင် အာနိုးလ်၏ ပေးပို့မှုမှတစ်ဆင့် ကိုယ်တိုင်နှစ်ဂိုး သွင်းယူခဲ့သည်။
သို့ဖြစ်ရာ ဆာလာအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှု တစ်ပြိုင်တည်းပြုလုပ်နိုင်သည့် ပွဲစုစုပေါင်း ၃၇ ပွဲရှိလာပြီး မန်ယူအသင်းတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီ၏ ၃၆ ပွဲစံချိန်ကိုကျော်ဖြတ်၍ ပွဲအများဆုံး စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။
ဆာလာသည် ယင်းမှတ်တမ်းကို ပရီးမီးယားလိဂ်ပွဲစဉ် ၂၇၇ ပွဲကစားပြီးနောက် ရရှိခဲ့ခြင်းဖြစ်ပြီး ရွန်နီ၏ပွဲအရေအတွက် ၄၉၁ ပွဲထက် ၂၁၄ ပွဲ ပိုနည်းကြောင်း သိရသည်။
ဆာလာသည် ပရီးမီးယားလိဂ်နောက်ဆုံးခုနစ်ပွဲဆက် ဂိုးသွင်းယူထားနိုင်သလို ယခုရာသီတွင် သွင်းဂိုးစုစုပေါင်း ၁၃ ဂိုးရှိလာပြီး မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း (၁၂ ဂိုး) ကိုကျော်၍ ဂိုးအများဆုံးစာရင်း၌ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာပြီဖြစ်သည်။
ထို့ပြင် ၎င်းသည် ဂိုးဖန်တီးမှု ရှစ်ကြိမ်ပြုလုပ်ထားပြီး ၁၀ ကြိမ်ပြုလုပ်ထားသည့် အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာပြီးလျှင် ဒုတိယနေရာ ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
