မန်ယူအသင်းနည်းပြဘဝ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရပြီးနောက် လေ့ကျင့်မှုပိုလုပ်ရမည်ဖြစ်ကြောင်း အာမိုရင်မ်က သုံးသပ်ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၄ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) တွင် အာဆင်နယ်အသင်းက မန်ယူအသင်းအား အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲမှာ မန်ယူအသင်းနည်းပြသစ် အာမိုရင်မ်အတွက် ပြိုင်ပွဲစုံ စတုတ္ထမြောက်ကိုင်တွယ်ရသည့်ပွဲ ဖြစ်ပြီး ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။
ထို့ ပြင် အာမိုရင်မ်အနေဖြင့် စပို့တင်းလစ္စဘွန်းအသင်းအား ကိုင်တွယ်စဉ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာကတည်းက အမှတ်ပေးပွဲ ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းမှာလည်း ရပ်တန့်ခဲ့ရပြီဖြစ်သည်။
သို့ဖြစ်ရာ အာမိုရင်မ်က ''ခက်ခဲတဲ့ပွဲပါ။ ကိုယ့်ရဲ့ပွဲဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပါ။ ကျွန်တော်တို့ လေ့ကျင့်မှုတွေပိုလုပ်ဖို့ လိုပါတယ်။ တည်ကန်ဘောတွေက အားလုံးကို ပြောင်းလဲစေခဲ့ပြီး အရှိန်အဟုန်ကိုလည်း ပြောင်းလဲသွားစေပါတယ်။ အဲဒါက သူတို့ (ကစားသမားတွေ) အတွက် တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တည်ကန်ဘောနှစ်ကြိမ် ရပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ဘဲ သူတို့အသင်းက ဂိုးရသွားပါတယ်။ သူတို့တွေက အဲဒါကိုလုပ်လာတာ နှစ်နဲ့ချီပြီးရှိနေပြီဆိုတာ ကျွန်တော်တို့ နားလည်ရပါမယ်။ ခင်ဗျားက ဒီမှာရှိနေတာ တော်တော်ကြာပြီဆိုရင်တောင် သူတို့ရဲ့ တည်ကန်ဘောတွေက ဘယ်လိုပြောင်းလဲနိုင်တယ်ဆိုတာ ခင်ဗျားတွေ့မှာပါ။ နေရာလွတ်တွေထဲမှာ သူတို့ကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ နှစ်ရက်လောက် လေ့ကျင့်ခဲ့တာပါ။ ကျွန်တော်တို့ဆီမှာ နည်းဗျူဟာရှိတဲ့အခါ စမတ်ကျတယ်ဆိုတာကို ကျွန်တော် သင်ယူခဲ့ရပါတယ်။ ဖိအားပေးနိုင်ဖို့နဲ့ ပိတ်ဆို့နိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ ရှာဖွေရပါမယ်။ ကျွန်တော်တို့ အချိန်ကိုက်ပိုကောင်းလာမှာပါ။ ကျွန်တော်တို့အနေနဲ့ မိနစ်တိုင်းမှာ တိုးတက်အောင် လုပ်ရပါမယ်။ ပွဲစဉ်တွေအတွက် တိုက်ပွဲဝင်ဖို့၊ တိုးတက်မှုရှိဖို့အတွက် မိနစ်တိုင်းမှာ ကြိုးစားရပါမယ်'' ဟု သုံးသပ်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
