ဂီနီဘောလုံးပွဲဖြစ်ရပ်ဆိုးတွင် သေဆုံးရသူအရေအတွက်မှာ ကလေးအများစုအပါအဝင် (၁၃၅)ဦးကျော် ရှိလိမ့်မည်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ပြောကြားချက်များကို ကိုးကားပြီး BBC Sports သတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းအဖွဲ့အစည်းများက ဆေးရုံများ၊ သချႋုင်း၊ ကွင်းထဲရှိသက်သေများ၊ သေဆုံးသူများ၏ဆွေမျိုးများ၊ ဗလီ၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဒေသတွင်းမီဒီယာများ၏ အချက်များပေါ် အခြေခံပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဂီနီနိုင်ငံအရှေ့တောင်ပိုင်းရှိ ဘောလုံးပြိုင်ပွဲတစ်ခုတွင် ဒိုင်လူကြီး၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့် ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွားရာမှ အနည်းဆုံး လူ (၅၆)ဦး သေဆုံးခဲ့ကြောင်း ဂီနီအစိုးရက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းနောက်တွင် သေဆုံးအရေအတွက်ကို မထုတ်ပြန်သေးကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁)ရက်က ဂီနီနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Nzerekore မြို့၌ ကျင်းပသည့် သမ္မတ ဒွန်ဘူယာအတွက် ဂုဏ်ပြုဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပွဲကစားချိန် (၈၂) မိနစ်တွင် ဒိုင်လူကြီးက အဝေးကွင်းလာရောက်ကစားသည့် Labe အသင်းမှ ကစားသမားနှစ်ဦးကိုထုတ်ပယ်၍ အငြင်းပွားဖွယ် ပယ်နယ်တီသတ်မှတ်ပေးခဲ့သည်။
ထို့နောက် Labe အသင်းပရိသတ်များက ကျောက်ခဲများဖြင့် စတင်ပစ်ပေါက်ခဲ့ပြီး ကွင်းအတွင်းပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့အသုံးပြု၍ လူစုခွဲရှင်းလင်းသောကြောင့် ထွက်ပြေးစဉ် ယင်းကဲ့သို့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ဂီနီဝန်ကြီးချုပ် အူရီဘာက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်ကြောင်းနှင့် ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးတွင် ကျန်ရစ်သူများနှင့် ထပ်တူဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
'' ဆေးရုံထဲမှာ အလောင်းတွေ တန်းစီနေတာကို မြင်ရတာ မျက်စိတစ်ဆုံးပဲ။ တခြားသူတွေကလည်း ကြမ်းပြင်ပေါ်မှာ လဲနေကြတယ်။ အားလုံးအပြည့်ပါပဲ''ဟု အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားသည်။
မျက်မြင်သက်သေတစ်ဦးကလည်း ''ဒိုင်လူကြီးရဲ့အဆုံးအဖြတ်ကနေ အားလုံးစတင်ခဲ့ရတာပါ။ နောက်တော့ ပရိသတ်တွေက ကွင်းထဲကိုပြေးဝင်လာကြတယ်''ဟု ဆိုသည်။
လူမှုမီဒီယာတွင်ပျံ့နှံနေသည့် ရုပ်သံ နှင့် ဓာတ်ပုံမှတ်တမ်းများအရ ကွင်းအပြင်ဘက်၌ ဖရိုဖရဲ ဖြစ်နေသည့်မြင်ကွင်းများကို တွေ့ မြင်ရပြီး လူအုပ်ကြီးက နံရံများကိုကျော်တက်ရန် ကြိုးပမ်းနေသလို မြေပြင်ပေါ်တွင်လည်း ရုပ်အလောင်းအများအပြား တွေ့ရှိရကြောင်း၊ မြေပြင်ပေါ်တွင် တုံ့ပြန်မှုမရှိဘဲ လဲလျောင်းနေသူများအနက်မှ အချို့မှာ ကလေးငယ်များဟု ယူဆရကြောင်း BBC က ဖော်ပြခဲ့သည်။
ယခုဖြစ်ရပ်ကြောင့် ဝမ်းနည်းကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) နှင့် ဂီနီဘောလုံးအဖွဲ့ချုပ် (FGF) တို့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
