မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် အတည်ပြုသတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အဆိုပြုစာတွဲကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီသို့ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင် ပေးပို့တင်သွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ တင်သွင်းထားသည့် ‘မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်’ အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံတွင် တရားဝင်ဆုံးဖြတ်ခဲ့ရာ ဒီဇင်ဘာ ၅ ရက်တွင် မြန်မာ့သင်္ကြန်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ်စာရင်းတွင် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
အဆိုပါညီလာခံတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အပြင် တရုတ်နိုင်ငံ၏ တရုတ်နှစ်သစ်ကူးပွဲတော်နှင့် နွေဦးပွဲတော်၊ ထိုင်းနိုင်ငံ၏ တုန်ယမ်းဟင်းချို အစရှိသည် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း အတည်ပြုသတ်မှတ်ခဲ့သည်ဟု ယူနက်စကိုမှ သိရသည်။
မြန်မာနိုင်ငံတွင် ပျူမြို့ပြနိုင်ငံများဖြစ်သည့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိသာနိုးမြို့ဟောင်းနေရာများကို ၂၁၀၄ ခုနှစ်တွင် ယူနက်စကို စာရင်းဝင်ဒေသများအဖြစ်လည်းကောင်း၊ ပုဂံဒေသအား ၂၀၁၉ ခုနှစ်တွင် ယူနက်စကိုစာရင်းဝင်ဒေသများအဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။
အလားတူ မြဂနိုင်ရုပ်ရှင်မှာလည်း ယူနက်စကို၏ ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ်အဖြစ်လည်း ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။
ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မည့် မြန်မာ့ရိုးရာသင်္ကြန်မှာ သင်္ကန္တဟူသော ပါဠိပုဒ်မှ လာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ဖြစ်သည်။
သင်္ကြန်ကာလအတွင်း ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာပွားများသူများရှိသကဲ့သို့ ရေကစားသူများ၊ ရေပက်ခံသူ၊ ရေလောင်းရေပက်သူများနှင့် စည်ကားလှသည်။
ကိုယ်လေးလက်ဝန်နှင့် မပေါ့မပါးအမျိုး သမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ (ဘုန်း ကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်သည်) တို့ကို ရေ ပက် ခြင်းမှ ရှောင်ကြဉ်ကြသည်မှာ ချစ်စရာ ကောင်းသည့် လက်ရှိအချိန် အတာသင်္ကြန် ကာလကျင်းပပုံဖြစ်သည်။
သမိုင်းမှတ်တမ်းများအရ သင်္ကြန်ကို ပုဂံခေတ်ကာလကတည်းက ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
