အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည်ကို တွေ့ရပြီး စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခြေခံစားကုန်များနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာတင်၍ ရောင်းချသွားရန်လိုကြောင်း၊ ပြည်သူများအား ရောင်းချရာတွင် အမြတ်ငွေနည်းနည်းနှင့် ပမာဏများများရောင်းချနိုင်ခြင်းဖြင့် ပြည်သူလူထုသက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းများဖြစ်စေရေး စေတနာထား၍ အပင်ပန်းခံဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံအတွင်း ဝင်ငွေနှင့် ထွက်ငွေကိုလည်း မျှတအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ တင်ပြချက်များအရ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအား ပြည်သူလူထုသို့ သက်သာသောဈေးနှုန်းများဖြင့် မည်ကဲ့သို့ ရောင်းချပေးလျက်ရှိသည်၊ ဆန်ဖူလုံမှု၊ ဆန်ဖူလုံမှု မည်မျှရှိသည်တို့ကို ရာခိုင်နှုန်းများဖြင့် တင်ပြကြသည်ကိုတွေ့ရကြောင်း၊ ဒေသအလိုက် ဝမ်းစာဖူလုံရေးနှင့်ပတ်သက်၍ အစိုးရကဆောင်ရွက်ပေးမှမဟုတ်ဘဲ လူတိုင်းက လုပ်ဆောင်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖူလုံမှုများရှိနေသည်ဟုဆိုပါက အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်ရန် အကြောင်းမရှိကြောင်း၊ ထို့ကြောင့် အခြေခံစားကုန်ဖူလုံရေးကို အဓိကထားဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌ က ပြောကြားသည်။
ထို့ပြင် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆာင်ရွက်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် လိုကာ လက်ရှိတင်ပို့နေသည်ထက် နှစ်ဆခန့် ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကို ယခုထက်တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများအပေါ် incentive များပေးရန်လိုကြောင်း၊ အလုပ်အကိုင်များဖန်တီးရာတွင် လိုအပ်သည့်သွင်းအားစုများကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး “မှတစ်ပါး အခြားမရှိ” ကြောင်း၊ ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ကုန်ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်နှစ်ချက်ဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အလားတူ အချက်အလက် ကိန်းဂဏန်းများ မှန်ကန်မှုရှိရေး လိုအပ်ကြောင်း၊ ဥပမာအနေဖြင့် မိမိတို့နိုင်ငံတွင် ဝါများပိုလျှံမှုရှိသည်ဟု ကိန်းဂဏန်းအချက်အလက်များအရသိရှိရပြီး ပြည်ပသို့တင်ပို့ထားသည့် ကိန်းဂဏန်းအချက်အလက်နှင့် အမှန်တကယ်တင်ပို့ထားသည့် အချက်အလက်များ ကွဲလွဲနေသည်ကို တွေ့မြင်ရကြောင်း၊ ဆန်နှင့်ပတ်သက်၍လည်း နှစ်စဉ်ပိုလျှံမှုများရှိကြောင်း၊ သို့သော် ပိုလျှံသည့်ဆန်နှင့် ပြည်ပသို့တင်ပို့သည့် ဆန်ပမာဏ ကွာခြားနေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မှ တင်ပြသည့်အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ စိစစ်ရခြင်းဖြစ်ပြီး ကိန်းဂဏန်းအချက်အလက်များအရ လွဲမှားမှုမဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေပြင်ထွက်ရှိသည့် အထွက်နှုန်းများနှင့် အစိုးရတာဝန်ရှိသူများထံသို့ တင်ပြသည့်အချက်အလက်များ ကိုက်ညီမှုရှိရန်နှင့် မြေပြင်အမှန်အတိုင်းဖြစ်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ က ဆက်လက်ပြောကြားသည်။
စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်ရသည့် ဝန်ကြီးဌာနများနှင့်ပတ်သက်၍လည်း အကျိုးအမြတ်ကို ဖော်ဆောင်ပေးနိုင်သည့်ဌာနများရှိသကဲ့သို့ အောင်မြင်မှုမရှိသည့် ဌာနများလည်းရှိကြောင်း၊ နိုင်ငံအတွက်အကျိုးရှိမည့်လုပ်ငန်းများကို ဆက်လက်အားပေးရမည်ဖြစ်သကဲ့သို့ အကျိုးအမြတ်ဖော်ဆောင်ပေးနိုင်မှုမရှိသည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်၍ ရပ်တန့်သင့်က ရပ်တန့်သွားရန်လိုကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပါက အကျိုးရှိစေလိုပြီး စီးပွားရေးအရ တွက်ချက်ဆောင်ရွက်စေလိုကြောင်းဖြင့် နစကဥက္ကဋ္ဌ က ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
