လမ်းပြိုကျ ပျက်စီးသွားသည့် ထီးလင်း-ကျင်းလမ်းကို သွားလာရေး အဆင်ပြေစေရန်အတွက် ဒေသခံများ ကိုယ်တိုင်ပြန်လည် ပြုပြင်နေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
“အခု ဖောက်တဲ့လမ်းက အရင်တစ်ခါ ပြိုသွားတဲ့လမ်းကို အပေါ်ကနေအောက်ကို ဆင်းပြီးဖောက်ထားတာ။ အစိုးရဖက်က လုပ်ပေးထားတာက လမ်းကိုအကြမ်းကြီး ထိုးပေးထားတာ။ ကားလည်းသွားမရတဲ့အပြင် ဆိုင်ကယ်ဆိုရင်လည်းလဲတဲ့ ဆိုင်ကယ်က ပိုများတယ်။ အဆင်မပြေဘူး။ ဆိုင်ကယ်အက်စီးဒင့်ကို မနည်းတော့ဘူး။ အဲဒီလမ်းကြောကို ပြန်ချောအောင် ဖောက်တာလည်း ဟုတ်တယ်။ သူတို့ ဖောက်ထားတဲ့ လမ်းမှာ အဲဒီအတက်ကြီးရှိတယ်။ အဲဒီနေရာကို ရှောင်ပြီးတော့ ဖောက်ထားတယ်။ လမ်း ကြောင်းသစ် ပြန်ရှာထားတယ်။ ဆိုင်ကယ် တွေလည်း သွားနိုင်အောင်ပေါ့။ ဖောက်တာက (၉)ရွာအုပ်စုက ဆရာတော်တွေ ဦး ဆောင်ပြီး အလှူငွေ ကောက်ခံပြီးတော့ ငွေထည့်နိုင်တဲ့သူကထည့်၊ လုပ်အားကူနိုင်တဲ့ သူကကူ၊ မုန့်ကျွေးနိုင်တဲ့သူက ကျွေးအကုန်ဝိုင်းဝန်းပြီး လုပ်ကြတာပါ။ ဒေသခံတွေအားနဲ့ ဖောက်တာပါ။ ဒီလမ်းက ရွာပေါင်း ၁၅ ရွာကနေ ရွာပေါင်း ၂၀ လောက်ရှိတယ်။ အဲဒီလမ်း ပြိုတဲ့ အောက်နားလေးမှာတင် သုံးရွာရှိတယ်။ ပုံတောင် ပုံညာကြားမှာက လူဦးရေ ၆၀၀၀ လောက်ရှိတယ်။ ဌာနဆိုင် ရာ ဝန်ထမ်းတွေလည်းရှိတယ်။ ကျင်းဆိုတဲ့ ရွာမှာဆိုရင် တိုက်နယ်ဆေးရုံ၊ ဌာနဆိုင်ရာ တွေရှိတယ်။ ဒီလမ်းကို အမှီပြုနေကြရတယ်။ တကယ်လို့ တိုက်နယ်ဆေးရုံက ဆောက်လုပ် ဆဲ ကာလရှိတယ်။ ကျန်းမာရေး ပြဿနာဆို ကိုယ်ဝန်ဆောင်တွေ ခွဲရစိတ်ရမယ်ဆိုရင် ထီးလင်းကိုသွားရတယ်။ အရေးနဲ့အကြောင်းဆို အနီးဆုံးက ထီးလင်းပဲ၊ ကျင်းရွာ - ပေါက်က မိုင် ၂၈ မိုင်လောက်ဝေးတယ်။ ထီးလင်းနဲ့ ကျင်းရွာက ၂၃ မိုင် ဝေးတယ်” ဟု ဒေသခံ ကိုဇင်မိုးက ပြောကြားသည်။
အဆိုပါလမ်းမှာ အောက်တိုဘာလ ၁၄ ရက်က မြေသားပြက်ရွှေ့မှုကြောင့် ဆိုးရွားစွာ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။ ထီးလင်း - ကျင်းလမ်းသည် ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပြေးလမ်းတစ်ခုဖြစ်ပြီး လမ်းအဆင့်မြှင့် တင်ထားသည်မှာလည်း မကြာသေးပဲ ကတ္တ ရာလမ်းအဖြစ် တည်ရှိခဲ့သည်မှာလေးနှစ် ဝန်းကျင်ခန့်သာ ရှိသေးကာ ပခုက္ကူ - ပေါက် - ကျင်း-ထီးလင်းလမ်းဟုလည်း ဒေသခံများမှ ခေါ်ကြသည်။ ဒေသခံများအနေနှင့် ထီးလင်း - ကျင်းလမ်း သွားမရ၍ အခြားလမ်း များဘက်မှ လှည့်ပတ်သွားလာကြရပြီး အကွာအဝေးမှာလည်း နှစ်ဆခန့်ရှိ၍ သွားလာရ အခက်အခဲများ ရှိနေသည်ဟု သိရသည်။
“အခုဆိုရင် အဲဒီလမ်းမရှိတော့ ပုံ တောင်ခြေက တဗြင်းထမင်းဆိုင်ဘက်က သွားရတယ်။ ကျင်းရွာနဲ့ တဗြင်းက ၁၄ မိုင်၊ ပန်းဇံ - တဗြင်းက ခုနစ်မိုင်ဝေးတယ်။ အဲဒီကနေ ပန်းဇံဘက်က ပတ်သွားရတယ်။ ပန်းဇံကနေ ထီးလင်းကို ၂၃ မိုင် လောက်ဝေးတယ်။ ကျင်းကနေ ထီးလင်းကို နှစ်ဆလောက် ပိုဝေးသွားတယ်။ ဆိုင်ကယ်စီး ကျွမ်းကျင်ရင်တော့ ဒီလမ်းကြမ်းဘက်က သွားတာပေါ့။ အမျိုးသမီးတွေဆိုရင်တော့ ပတ်သွားရတယ်။ ဒီလမ်းမှာ အတက်က တော်တော်မတ်တယ်။ ပေ ၃၀၀ လောက် မတ်တယ်။ ၁၂၅ ဆိုင် ကယ် ဂီယာနံပါတ် ၁ နဲ့တောင် မတက်ဘူး။ ကားက လုံးဝသွားမရတာ။ ဒေသဆိုင်ရာ အကူအညီပေးတဲ့ ပို့ထားတဲ့စက်ကပျက်နေတာ အခုထိ မကောင်းဘူး။ အခုဟာက လူထုလုပ်အားနဲ့ ပြန်လုပ်ရတာပေါ့။ ကားလေးသွားလို့ရအောင်၊ ဆိုင်ကယ်သွားလို့ရအောင် လုပ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလမ်း ပြိုကျပျက်စီးမှုကြောင့် ဆောက်လုပ်ရေးဌာနမှ စက်ကြီးဖြင့် တစ်ကြောင်းထိုးလမ်း ထိုးပေးခဲ့သော်လည်း ဒေသခံများအနေနှင့် သွားလာရ အဆင်မပြေ ဖြစ်နေသဖြင့် ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ကြခြင်း ဖြစ်သည်ဟု သိရသည်။
“ဒီလမ်းမြေပြိုတာ နှစ်လနီးပါးလောက်ရှိပြီး လမ်းအူကြောင်း အကြမ်းထိုးပေးသွားတာက အဆင်မပြေဘူး။ ပြန်လုပ်ပေးမလားဆိုပြီး စောင့်နေတာ။ ဒီလမ်းက ဘတ်ဂျက်ကျမယ်။ ဘယ်တော့ကျမယ်ဆိုတာ ပြောမရဘူး။ ဒီလမ်းမရှိတော့ ကျွန်တော်တို့က သွားလာရ အဆင်မပြေဘူး။ ကျွန်တော်တို့ ကျန်းမာရေး အခက်အခဲ၊ လူမှုရေး ပြဿနာတွေပေါ့ ရှိတာပေါ့။ ဒါနဲ့ ကျွန်တော်တို့ ၉ ရွာအုပ်စု ဝိုင်းပြီးလုပ်ကြတာ။ အဝေးရောက် လူငယ်တွေလည်း ပါဝင်ပေးကြပါတယ်။ လောလောဆယ်တော့ လမ်းအူကြောင်း ပေါက်နေပြီ။ ဒီနေ့ တနေကုန် လုပ်မှာပေါ့။ ကားလေးသွားလာလို့ ရနိုင်သည်အထိ ကျွန်တော်တို့လုပ်မယ်” ဟု ကိုဇင်မိုးက ဆက်လက် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
