Top News

တစ်ရက်အတွင်း ပြည်တွင်းကို ဗဟိုပြုပြီး ငလျင်နှစ်ကြိမ်လှုပ်ခတ်
24htopnews | December 6, 2024 12:12 AM CST

တစ်ရက်အတွင်း ပြည်တွင်းကို ဗဟိုပြုပြီး ငလျနှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လှုပ်ခတ်ခဲ့သည့် ငလျင်များသည် နိုဝင်ဘာ ၂၁ရက် နံနက် ဝဝနာရီ ၁၉မိနစ် ၁၉စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မင်းပြားမြို့၏ အရှေ့ဘက် ၂၇ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂ဝဒသမ၄၀၊ အရှေ့လောင်ဂျီတွဒ် ၉၃ဒသမ၆၉၊ ဗဟိုချက် အနက် ၁ဝကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ရှားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၂၁ရက် နံနက် ၉နာရီ ၁၈မိနစ် ၄၅ စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် ၄ရမိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့၏ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃ဒသမ၅၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒသမ၂၈ဒီဂရီ၊ ဗဟိုချက်အနက် ၂ဝကီလိုမီတာခန့်ကို ဗဟိုပြုပြီးအင်အား ရစ်ချ်တာစကေး ၃ဒသမ၈အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေငလျင်လှုပ်ရှားမှုကို မည်သည့်နိုင်ငံမျှ ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်ခြင်း မရှိသည့်အလျှောက် မြေငလျင်လှုပ်ရှားမှုသတင်းကိုသာ ထုတ်ပြန်ကြရကြောင်း၊ သို့ဖြစ်ရာ မြေငလျင်လှုပ်ရှားနိုင်သည့် ဒေသသို့မဟုတ် မြေငလျင်ကြောရှိရာ ဒေသတွင် နေထိုင်ကြသူများအဖို့ မြေငလျင် သတိအမြဲ ရှိနေကြရန်နှင့် မြေငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ မရှိစေရန် ကြိုတင်ပြင်ဆင်ထားမှုများ ရှိရန်လိုအပ်ကြောင်း သိရသည်။

         


READ NEXT
Cancel OK