
ပါလီမန်၌ အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ဖြုတ်ချခံရပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ်ဘာနီးယားသည် ၎င်း၏အစိုးရအဖွဲ့ နုတ်ထွက်လွှာကို သမ္မတအမ်မန်နျူရယ်မက်ခရွတ်ထံသို့ ဒီဇင်ဘာ ၅ ရက်တွင် တင်သွင်းသွားမည်ဟု ပြင်သစ်သမ္မတရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
အယုံအကြည်မရှိအဆိုတင်သွင်းခံခဲ့ရပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ဝတ္တရားဖြစ်သည့် လုပ်ထုံးလုပ်နည်းအတွက် ဘာနီးယားသည် အဲလ်လက်ဆေးနန်းတော်သို့ ရောက်လာမည်ဖြစ်သည်။
ပြင်သစ်လွှတ်တော်အမတ်များသည် သုံးလမျှသာတာဝန်ထမ်းဆောင်ရသေးသော ဝန်ကြီးချုပ် မိုက်ကယ်ဘာနီးယား၏အစိုးရအဖွဲ့ကို ဖြုတ်ချရန် ဒီဇင်ဘာ ၄ ရက်တွင် မဲခွဲအတည်ပြုခဲ့သည်။ ယင်းသို့အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆိုတင်သွင်း၍ ဖြုတ်ချသောလုပ်ရပ်သည် ပြင်သစ်နိုင်ငံ၌ နိုင်ငံရေး အကျပ်အတည်း နက်ရှိုင်းလာစေသော လုပ်ရပ်ဖြစ်သည်။
နှစ်ပေါင်း ၆၀ ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားလွှတ်တော်သည် သဘောထားတင်းမာသော လက်ဝဲသမားများက အဆိုပြုခဲ့ပြီး မာရင်းလူပန်း ဦးဆောင်သော လက်ယာစွန်းတို့၏အရေးပါသော ထောက်ခံမှုဖြင့် အယုံအကြည်မရှိအဆိုကို အတည်ပြုခဲ့သည်။
ထို့အပြင် အစိုးရအဖွဲ့ဖြုတ်ချခံခဲ့ရပြီးနောက် ပြင်သစ်၏သဘောထားတင်းမာသော လက်ဝဲသမားများက သမ္မတအမ်မန်နျူရယ် မက်ခရွန် နုတ်ထွက်ရန်နှင့် သမ္မတရွေးကောက်ပွဲကို စောစောကျင်းပပေးရန် ဒီဇင်ဘာ ၄ ရက်တွင် တိုက်တွန်းခဲ့ကြသည်။
“မက်ခရွန် နုတ်ထွက်ဖို့ အခုကျွန်မတို့ တောင်းဆိုနေပါတယ်” ဟု လွှတ်တော်ဆိုင်ရာ အမာခံလက်ဝဲအုပ်စုဖြစ်သည့် France Unbowed (LFI) ပါတီ၏အကြီးအကဲ မက်ကျီလီပန်းနော့က သတင်းထောက်များကို ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်