Top News

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ကိုးဦးအား ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ
24htopnews | December 6, 2024 2:12 AM CST

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်အတွင်း ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား ကိုးဦးအား ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရ သည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည ၇ နာရီအချိန် ခန့်က ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင်ရဲတပ်ဖွဲ့မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ မူယန်မြို့နယ်၊ ဘန့်ကောင်းကျေးရွာအနီးရှိ ဘန့်ကောင်း - ဟွေ့နမ်းခေါင် လမ်းမပေါ်တွင် နယ်မြေလုံခြုံ ရေး ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာလူ ကိုးဦးအားတွေ့ရှိခဲ့၍ ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ ခေါ်ယူစစ်ဆေးရာတွင် ၎င်းင်းတို့မှာ မြန်မာနိုင်ငံသားများ ဖြစ်ကြကြောင်းနှင့် ထိုင်း နိုင်ငံအတွင်းအထောက်အထားတစ်စုံ တစ်ရာ မရှိဘဲ နေထိုင်နေကြသူများဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့၍ ၎င်းင်းတို့နေထိုင်ရာ မူယန်မြို့နယ်၊ ဘန့်ကောင်ကျေးရွာရှိ နေ အိမ်သို့ ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးခဲ့ရာ ကတ်ထူစက္ကူများ ပုံးများဖြင့် ထည့်ထားသည့် ကျည်ဆန် ၂၇၅၀ တောင့် အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းများက ဆိုကြသည်။

ဖမ်းဆီးရမိခဲ့သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ကိုးဦးအနက် တစ်ဦးအား တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား  ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နိုင်ရန် ကူညီ ပေးမှု၊ တရားမဝင် လက်နက်ခဲယမ်းများ လက် ဝယ်ထားရှိမှုဖြင့် အမှုဖွင့်အရေးယူထားပြီး၊ ကျန် ရှစ်ဦးအား ထိုင်းနိုင်ငံအတွင်းသို့ တရား မဝင် ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်အရေး ယူထားကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။  


READ NEXT
Cancel OK