အာဆင်နယ်အသင်းသည် မန်ယူနှင့်ပွဲတွင် သွင်းဂိုးနှစ်ဂိုးစလုံးကို ထောင့်ကန်ဘောမှသွင်းယူခဲ့ပြီး ၂၀၂၁ နွေရာသီမှစ၍ ထောင့်ကန်ဘောမှ သွင်းယူနိုင်သည့်ဂိုး (၄၁)ဂိုးအထိရှိလာကြောင်း သိရသည်။
မန်ယူနှင့်ပွဲတွင် အာဆင်နယ်အသင်းအတွက် ပထမဂိုးကို ၅၁ မိနစ်တွင် ရိုက်စ် ကန်တင်ပေးသည့် ထောင့်ကန်ဘောအား တင်ဘာက ခေါင်းတိုက်သွင်းယူခဲ့သည်။
ထို့နောက် ၇၃ မိနစ်တွင်လည်း ဆာကာကန်တင်ပေးသည့် ထောင့်ကန်ဘောကို ပါတေး ခေါင်းတိုက်သွင်းယူရာ ဆာလီဘာနှင့်ထိပြီး ဒုတိယဂိုးရရှိခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ထောင့်ကန်ဘောမှတစ်ဆင့် ဂိုးများစွာသွင်းယူထားနိုင်ပြီး ၂၀၂၁ ခုနှစ် နွေရာသီမှစ၍ ထောင့်ကန်ဘောမှသွင်းယူသည့်ဂိုး (၄၁) ဂိုးအထိရှိကာ အခြားပြိုင်ဘက်အသင်းများထက် အနည်းဆုံး ခုနစ်ဂိုးပိုများကြောင်း သိရသည်။
ထို့ပြင် မန်ယူအသင်းနှင့်ပွဲတွင် Open Play မှ ဂိုးသွင်းခွင့် ခြောက်ကြိမ်သာရှိသော်လည်း ထောင့်ကန်ဘောမှ ဂိုးသွင်းခွင့် ခုနစ်ကြိမ်ရှိသလို ထောင့်ကန်ဘောစုစုပေါင်း ၁၃ ကြိမ်အထိ ရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
