ဒေါ့မွန်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သည့် ဟန်းစ်ယော်ကင်းဝေါ့ဇ်ကီ ထုတ်ဝေလိုက်သည့် အတ္ထုပ္ပတ္တိစာအုပ်တွင် ကလော့ပ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက အသင်းဟောင်း ဒေါ့မွန်အသင်း၏ကမ်းလှမ်းမှုကို ခါးခါးသီးသီးငြင်းဆန်ခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။
ဒေါ့မွန်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သည့် ဟန်းစ်ယော်ကင်းဝေါ့ဇ်ကီ ထုတ်ဝေလိုက်သည့် အတ္ထုပ္ပတ္တိစာအုပ်တွင် ကလော့ပ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက အသင်းဟောင်း ဒေါ့မွန်အသင်း၏ကမ်းလှမ်းမှုကို ခါးခါးသီးသီးငြင်းဆန်ခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။
ဟန်းစ်ဝေါ့ဇ်ကီသည် "Real Love - A Life with Borussia Dortmund" ဆိုသည့်စာအုပ်ကို ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယင်းစာအုပ်တွင် ကလော့ပ်ကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းအကြောင်းကို ရေးသားခဲ့ခြင်းဖြစ်သည်။
ဝေါ့ဇ်ကီက "ကလော့ပ်က သူ့စာချုပ်ကုန်တဲ့အထိ လီဗာပူးလ်မှာနေမယ်လို့တော့ ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အမြဲတမ်းစာချုပ်ကုန်တဲ့အထိ နေလေ့ရှိတဲ့ နည်းပြမို့လို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဒေါ့မွန်ကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတာကြောင့် အနည်းဆုံးတော့ သူလက်ခံစဉ်းစားမလားဆိုပြီး သူ့ကို မေးကြည့်တာပါ။ ဒါပေမဲ့ သူက ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်"ဟု ဆိုခဲ့သည်။
ကလော့ပ်ကလည်း "ကျွန်တော့်ဆီကို ဝေါ့ဇ်ကီဆီက ဖုန်းဝင်လာပါတယ်။ ပြီးတော့ ယာဂန် ငါတို့အသင်းဆီကို မင်းပြန်လာမလားလို့ မေးပါတယ်။ ကျွန်တော်က သူ နောက်ပြောင်နေတယ်လို့ ထင်တာပါ။ ဒါကြောင့် ခင်ဗျားရူးနေလား။ အရက်သောက်ထားလား။ ဒီလိုအကြံမျိုး ဘယ်လိုထွက်လာတာလဲ။ ကျွန်တော် လီဗာပူးလ်မှာ နှစ်တွေအကြာကြီးနေဦးမယ်လို့ ပြောခဲ့ပါတယ်"ဟု ဆိုခဲ့သည်။
ဝေါ့ဇ်ကီကမူ "အဲ့ဒီအချိန်တုန်းက သူ့ကို ပြန်လာမလားလို့ မေးခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်လို့ မဆုံးပါဘူး"ဟု ဖွင့်ဟပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
