ရီးယဲလ်မက်ဒရစ်အသင်းသည် စပါးအသင်း၏ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်အား ခေါ်ယူရန်အတွက် ဆွေးနွေးမှုများကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် စပါးအသင်း၏ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်အား ခေါ်ယူရန်အတွက် ဆွေးနွေးမှုများကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဲရစ်ဆင်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ရီးယဲလ်မက်ဒရစ်အသင်း၏ ချဉ်းကပ်ခြင်းကို ခံခဲ့ရသော်လည်း စပါးအသင်းက ငြင်းဆန်ခဲ့သဖြင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သည်။
သို့ရာတွင် ယခုရာသီအတွင်းတွင်လည်း စပါးအသင်းသည် အဲရစ်ဆင်ကို သက်တမ်းတိုးရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့သဖြင့် ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်ပြုရတော့မည်ဖြစ်သလို၊ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်လည်း အခြားအသင်းများနှင့် ဆွေးနွေးခွင့်ပြုရတော့မည်ဖြစ်သည်။
ယခုအခါ ရီးယဲလ်အသင်းက အဲရစ်ဆင်ကို ခေါ်ယူရန် စတင်စီစဉ်လာခဲ့ခြင်းဖြစ်ပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်ထက် အကြိုသဘောတူစာချုပ်ပြီးမှ ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန်ကိစ္စကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။
ယင်းအတွက်ကြောင့် စပါးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အခြားအသင်းတစ်သင်းသင်းသို့ အဲရစ်ဆင်ကို ရောင်းထုတ်နိုင်ရန် ကြိုးစားရတော့မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
