PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် အောက်တိုဘာ (၁၀) ရက်နေ့က စင်ကာပူနိုင်ငံ၌ ကစားခဲ့သည့် ဆီနီဂေါအသင်းနှင့် (၁-၁)ဂိုး သရေကျသည့်ပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပွဲ (၁ဝဝ)ပြည့် သည့် (၇)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် အောက်တိုဘာ (၁၀) ရက်နေ့က စင်ကာပူနိုင်ငံ၌ ကစားခဲ့သည့် ဆီနီဂေါအသင်းနှင့် (၁-၁)ဂိုး သရေကျသည့်ပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပွဲ (၁ဝဝ)ပြည့် သည့် (၇)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အသက် (၂၇) နှစ်ရှိ နေမာသည် ဘရာဇီးလ်အသင်းသမိုင်းတွင် ပွဲအများဆုံးကစားထားသည့် နောက်ခံလူဟောင်း ကာဖူး၊ ရောဘတ်တိုကားလို့စ်၊ လူစီယို၊ ဂိုးသမားဟောင်း တာဖာရယ်လ်၊ ဒန်နီအဲလ်ဗတ်စ်၊ ရော်ဘင်ဟိုတို့နှင့်အတူ (၇)ဦး မြောက် ပွဲ(၁ဝဝ) ပြည့်သူ ဖြစ်လာခဲ့သည်။
ထို့ ပြင် နေမာသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲ (၁ဝဝ)ပြည့်မြောက်သူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
နေမာသည် ယခုပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း ဘရာဇီးလ်အတွက် (၆၁)ဂိုးသွင်းယူပေးထားပြီး ဂိုးအများဆုံးသွင်းသူစာရင်းတွင် ပီလီ (၉၂ ပွဲ၊ ၇၇ ဂိုး)နှင့် ရော်နယ်လ်ဒို (၉၈ ပွဲ၊ ၆၂ ဂိုး)တို့နောက် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။
စင်ကာပူနိုင်ငံတွင် ကစားခဲ့သည့် အဆိုပါခြေစမ်းပွဲစဉ်တွင် ဘရာဇီးလ်အသင်းမှာ အဓိကကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ပွဲချိန် (၉) မိနစ်၌ ဖေမီနိုက ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဆီနီဂေါတိုက်စစ်မှူး ဒီဟီအူက (၄၅)မိနစ်တွင် ချေပဂိုးပြန်သွင်းယူခဲ့သည်။
■ ဘရာဇီးလ်အတွက်ပွဲ (၁ဝဝ)ပြည့်ကစားထားသူများ
အမည် ပွဲ
ကာဖူး ၁၄၂
ရောဘတ်တိုကားလို့စ် ၁၂၅
ဒန်နီအဲလ်ဗတ် ၁၁၇
လူစီယို ၁၀၅
တာဖာရယ်လ် ၁၀၁
ရော်ဘင်ဟို ၁ဝဝ
နေမာ ၁ဝဝ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
